iMyanmarHouse.com - Best Property Website for Myanmar
×

ပေါ့ပ် အဆိုတော်မလေး Mariah Carey ဟာ သူမ ဘယ်လောက်ထိ ကိုယ်အလေးချိန်လျော့ကျသွားခဲ့တယ်ဆိုတာကို ဒီ ဓါတ်ပုံ တစ်ပုံနဲ့ ထပ်မံ သက်သေပြလိုက်ပြန်ပါတယ်။

သူမဟာ Instagram မှာ ရွှေရောင်ဘစ်ကနီကို အပေါ်ပိုင်းမှာ ၀တ်ဆင်ပြီး အောက်ပိုင်းမှာတော့ အဖြူရောင် စကတ်တစ်ထည် ၀တ်ဆင်ထားတဲ့ ရေထဲက ဓါတ်ပုံတစ်ပုံကို ပြသခဲ့ပါတယ်။ အဲဒီဓါတ်ပုံကို ကြည့်ခြင်းအားဖြင့် သူမရဲ့  ပရိတ်သတ်တွေအားလုံးကလည်း သူမ အရမ်းပိန်သွားတာကို အံ့သြနေကြပါတယ်။

သူမဟာ သူမရဲ့ ချစ်သူ သြစတြေးလျ ဘီလျံနာ James Packer နဲ့ အတူ သြစတြေးလျနိုင်ငံ တောင်ပိုင်းက Ponde ကမ်းခြေမှာ အပန်းဖြေနေခဲ့တာဖြစ်ပါတယ်။ သူမဟာ အနီရောင် အားကစား ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမရဲ့ သမီးလေး Moroccan နဲ့အတူ သောင်ပြင်မှာ ဆော့ကစားနေတဲ့ ဓါတ်ပုံကိုလည်း ပရိတ်သတ်တွေနဲ့ ဝေမျှထားပါသေးတယ်။

ပြီးခဲ့တဲ့ အားလပ်ရက်တွေတုန်းကလည်း သူမဟာ ကော်လိုရာဒို ပြည်နယ်က Aspen မှာ အပန်းဖြေနေခဲ့တာကြောင့် သူမဟာ ရက်ပိုင်းအတွင်း နှင်းထူ တဲ့ ဒေသ ကနေ သဲသောင်ပြင် ဒေသ ကို ပြောင်းရွှေ့ အပန်းဖြေလိုက်တာပဲဖြစ်ပါတယ်။ သိပ်ကိုပြီးပြည့်စုံတဲ့ ဆယ်လီ တစ်ယောက်ရဲ့  ဘ၀ပါပဲ။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top