iMyanmarHouse.com - Best Property Website for Myanmar
×

ဖေ့စ်ဘွတ်မှာ ဆွဲဆောင်မှုရှိတဲ့ profile ဓာတ်ပုံ တင်ထားသူတွေဟာ အလုပ်အင်တာဗျူး ကမ်းလှမ်းခံရမှု ၃၉ ရာခိုင်နှုန်း ပိုမို လက်ခံရရှိတယ်လို့ သိရပါတယ်။ဖေ့စ်ဘွတ် profile ဓာတ်ပုံတွေနဲ့ အလုပ်လျှောက်ထားမှု ဆက်စပ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အလုပ်ရှင်တွေက ဝန်ထမ်းရွေးချယ်ရာမှာ ဖေ့စ်ဘွတ် profile ဓာတ်ပုံတွေကို လျှို့ဝှက် ဝင်ရောက်ကြည့်ရှုပြီး ရွေးလေ့ရှိတယ်လို့ အဆိုပါ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ဖေ့စ်ဘွတ်မှာ ဆွဲဆောင်မှုရှိတဲ့ profile ဓာတ်ပုံ တင်ထားသူတွေဟာ အလုပ်အင်တာဗျူး ကမ်းလှမ်းခံရမှု ၃၉ ရာခိုင်နှုန်း ပိုမို လက်ခံရရှိတယ်လို့ သိရပါတယ်။ သူတို့ဟာ အလုပ်အကိုင်​ ရှာဖွေရေး အေဂျင်စီတွေရဲ့ အကောင်းမြင်တဲ့ ထောက်ခံမှုတွေကိုလည်း ရလေ့ရှိပါတယ်။

ဖေ့စ်ဘွတ်မှာ ဆွဲဆောင်မှုရှိတဲ့ profile ဓာတ်ပုံ တင်လေ့ရှိသူတွေက အလုပ်အကိုင် အေဂျင်စီတွေရဲ့ စိတ်ဝင်စားမှု ပိုရလေ့ရှိပြီး ဆက်သွယ်စကားပြောဖို့ ပိုမိုကမ်းလှမ်းခံရတယ်လို့ ဆိုပါတယ်။ ဒီ လေ့လာယူဆချက်ကို အလုပ်လျှောက်လွှာ ၂,၀၀၀ ကျော်ကို ဖန်တီးပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။

လျှောက်လွှာတွေမှာ မတူညီတဲ့ အမျိုးသားတွေရဲ့ ဓာတ်ပုံတွေကို အသုံးပြုခဲ့ပါတယ်။ လျှောက်လွှာတွေကို လူ ၁၉၅ ယောက်ကို ပြသခဲ့ပြီး စိတ်ကျေနပ်မှု အမှတ်ပေးစေခဲ့ပါတယ်။လေ့လာမှု ရလဒ်အရ အပြာရောင် မိုးကောင်းကင်နောက်ခံနဲ့ ပြုံးရယ်နေတဲ့ အမျိုးသားဓာတ်ပုံဟာ စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့ပြီး ပန်းခြံခုံတန်းမှာ ပြုံးရယ်မှုမရှိဘဲ ထိုင်နေသူ အမျိုးသားဓာတ်ပုံက စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီ လေ့လာမှု စစ်တမ်းကို နယ်သာလန်နိုင်ငံ Ghent တက္ကသိုလ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Credit : duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top