iMyanmarHouse.com - Best Property Website for Myanmar
×

One Direction အဖွဲ့ ဝင်ဟောင်း ဇေအင်မယ်လစ်က တက္ကသိုလ်တွင် ပညာသင်ယူလို သည်ဟု ပြောသည်။

ဇေအင်မယ်လစ်သည် OneDirection အဖွဲ့သို့မဝင်မီ အင်္ဂလိပ်ဘာသာကို အဆင့်မြင့် သင်ယူရန် စီစဉ်ထားပြီး လာမည့် နှစ်များအတွင်း ရည်မှန်းချက် ပြန်လည်  အကောင်အထည် ဖော်ဖွယ်ရှိသည်ဟု ၎င်းက ဖွင့်ဟ သည်။

‘‘ဒီနေ့ခေတ်မှာ ပညာသင်ဖို့ လုပ်ရတာ မခက်ခဲတော့ပါဘူး။ အိမ်မှာလည်း သင်လို့ရတယ်။ ကထိကဆီသွားသင်လည်းရ တယ်။ တစ်ချိန်မှာ ကျွန်တော် လည်း ကထိကတွေဆီသွားပြီး သင်နိုင်မယ် မျှော်လင့်ထားပါ တယ်’’ဟု မယ်လစ် (၂၃)နှစ်က ပြောသည်။

အနာဂတ်တွင် သားသမီး ရလာပါက ပညာဆက်သင်ရန် တွန်းအားပေးလိုပြီး ၎င်းတို့အ တွက် သာဓကကောင်းတစ်ခုဖြစ် လိုသည်ဟု မယ်လစ်က ပြောသည်။

‘‘နောင် ကျွန်တော့်သားသမီး တွေ ကျွန်တော့်ကို မေးတဲ့အခါ ကျွန်တော် သူတို့ကို ကျောင်းတက် ခိုင်းဖို့ ကြိုးစားမယ်။ အဖေက တီးဝိုင်းတစ်ခုမှာပါခဲ့တယ်လို့ သူ တို့ကပြောရင် ဟောဒီမှာ ငါ ကျောင်းပြန်တက်ပြီး ဘွဲ့ရခဲ့ တယ်လို့ သူတို့ကို ပြောချင်တယ်’’ ဟု မယ်လစ်က ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top