iMyanmarHouse.com - Best Property Website for Myanmar
×

မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရတဲ့ အလေ့အကျင့်တော်တော်များများဟာ ငယ်ငယ်ကတည်းစွဲလာတဲ့အရာမျိုးတွေဖြစ်ပါတယ်။

၁ - ထိန်းချုပ်ချင်တဲ့ အရာ
ထိန်းချုပ်ချင်တဲ့နယ်ပယ်က ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ ဥပမာ- ဆေးလိပ်သောက်တာ၊ ပိုက်ဆံသုံးတာ၊ လူတစ်ချို့နဲ့စကားပြောဆက်ဆံရတဲ့နေရာတွေမှာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ချင်တာလားဆိုတာဆန်းစစ်ပါ။

၂ - ရေးပါ
လူတော်တော်များ ဒီလိုချရေးဖို့ မလုပ်ဖြစ်ကြပါဘူး။ ရေးတယ်ဆိုတာ စာစီစာကုံးကြီးလိုရေးတာမျိုး မဟုတ်ပါဘူး။ ဒီနေ့ဖြစ်ပျက်ခဲ့တာ၊ မဖြစ်သင့်ဘူးလို့ ထင်ခဲ့တာ ဒါလေးတွေကိုပဲ စာအုပ်တစ်အုပ်ထဲမှာ နာမည်တွေလောက်ပဲချရေးပါ။

၃ - ပြန်ကြည့်
ရေးထားတာကို ပြည်ကြည့်ပါ။ သင့်အတွက် ထိန်းချုပ်ဖို့ အခက်ခဲဆုံးဖြစ်နေတာကဘာလဲ။ ဘယ်လိုအရာမျိုးက ဒုက္ခအပေးဆုံးဖြစ်နေလဲဆိုတာ စာအုပ်ထဲမှာ ပြန်ကြည့်ပါ။

၎ - အကြောင်းအရင်း
ဒီကိစ္စတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကို ဆန်းစစ်ပါ။ ဥပမာ သင်အင်္ကျီသစ်ဝတ်လာလို့ တစ်ယောက်ယောက်ကစတဲ့အခါ ဒေါသထွက်တဲ့ပုံစံမျိုးနဲ့ပြန်တုံ့ပြန်မိတယ်ဆိုပါစို့။ ဒါဟာ ငယ်ငယ်တုန်းက မတော်တော့တဲ့အင်္ကျီကို ဝတ်လာလို့ အတန်းဖော်တွေက ဝိုင်းစတဲ့အခါ ပြန်တုံ့ပြန်မိတာမျိုးပါ။ ကလေးဆန်တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို အလေးထားပါ။ ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ခါ ကြုံရတော့မယ်ဆိုရင်  ကိုယ့်ကိုယ်ကိုယ် ပြဿနရာဖြစ်ရတဲ့အကြောင်းအရင်းကို သတိပေးပါ။

၅ - မနိုင်ဝန်
စိတ်ဆန္ဒကို ဦးစားပေးလုပ်မိတာတွေကို ဆန်းစစ်ပါ။ လောလောဆယ်သင်ဝယ်လို့ မရနိုင်သေးမှန်းသိတဲ့ပစ္စည်းတစ်ခုကို ဒုက္ခခံပြီး ဝယ်တာမျိုးဖြစ်ပါတယ်။ ဒါမျိုးတွေကို ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာ လုပ်မိတယ်ဆိုတာ ဆန်းစစ်ခွဲခြားနိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကိုင်တွယ်လာနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရတဲ့ အလေ့အကျင့်တော်တော်များများဟာ ငယ်ငယ်ကတည်းစွဲလာတဲ့အရာမျိုးတွေဖြစ်ပါတယ်။ အသုန်းအဖြုန်းကြီးတဲ့ အုပ်ထိန်းသူနဲ့နေခဲ့သူတွေဟာ အသုန်းအဖြုန်းကြီးတတ်တာမျိုးဖြစ်ပါတယ်။ အဓိကအချက်က အပြုအမူတစ်ခုကို ကိုယ်ဘာကြောင့်လုပ်လိုက်မိတာလဲဆိုတဲ့ အရင်းအမြစ်ကို ကောင်းကောင်းသိသွားဖို့ပါပဲ။

Credit : duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top