iMyanmarHouse.com - Best Property Website for Myanmar
×

ငါးက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာနဲ့လည်း ပြည့်စုံပါတယ်။ စိုပြေပြီး သူ့ရဲ့ နူးညံ့တဲ့ အရသာမပျက်အောင် ထိန်းသိမ်းတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အချက်ပြုတ် မတတ်တဲ့အခါ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တတ်ပါတယ်။

ဒယ်အိုးဖြင့် ကြော်ချက်နည်း

ဒယ်အိုးနဲ့ ကြော်တာ လျင်မြန်လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်ပြီး မီးအပူကြောင့် အနံ့အရသာ မပြယ်တတ်ပါ။ အဲဒီလို ကြော်တဲ့အခါ အိုးနဲ့ မကပ်အောင် အမြဲတမ်း ဆီကို အနည်းငယ် ခါခါပေးရပါမယ်။

အရည်တွင် မီးမျှဉ်းမျှဉ်းနဲ့ ချက်ပြုတ်နည်း

ဒီနည်းက ငါးအတွက် အင်မတန် အဆင်ပြေပါတယ်။ ရေ သို့မဟုတ် နို့ ကို ပန်းကန်ထဲ ထောပတ်အနည်းငယ်နဲ့အတူ ရောထည့်ရုံသာ ဖြစ်ပါတယ်။ အဲဒါကို ဂတ်စ် သို့မဟုတ် မီးဖိုပေါ် မိနစ်အနည်းငယ် ချက်ပြုတ်ပေးရပါမယ်။

ပေါင်းပြီး ချက်ပြုတ်ပြင်ဆင်နည်း

ငါးပေါင်းက လွယ်ကူပေါ့ပါးပြီး နွေရာသီအတွက် အကောင်းမွန်ဆုံးဖြစ်ပါတယ်။ ချက်ပြုတ်ပြင်ဆင်မှု စတင်တော့မယ်ဆိုရင် ဟင်းခေတ်အမွှေးကြိုင်၊ ချင်း သို့မဟုတ် ပင်စိမ်းဖြင့် မိနစ်အနည်းငယ် နှပ်ထားပေးရပါမယ်။ ဝါးပေါင်းအိုး အသုံးပြုမယ်ဆိုပါက ဝါးနံ့မစွဲအောင် ဆလတ်ရွက်ထည့်ပေးပါ။ အရိုးထွင်းပြီးသားဆိုရင် ၆ မိနစ်သာ ပေါင်းပေးပါ။ ပေါင်းအိုးကို ရေမထိအောင် သတိထားပြုလုပ်ပါ။ ဘာဆီမှ ထည့်စရာ မလိုပါဘူး။

မီးကင်ခြင်း

မီးကင်ဖို့အတွက် ပါးပါးလှီးထားတဲ့ သံပုယိုသီး တစ်ချပ်ရယ်၊ ချင်းအနည်းငယ်ရယ်၊ သံလွင်ဆီအပြင် လတ်ဆတ်တဲ့ တရုတ်နံနံလို ဆေးဖက်ဝင်အရွက်တွေနဲ့အတူ ငါးကို ခဲပတ်ပေးရပါမယ်။ အတန်အသင့်ရှိတဲ့ မီးအပူမှာ ၅-၁၀ မိနစ် မီးကင်းပေးရပါမယ်။

မွှေကြော်

ငါးကို ချင်း၊ ငရုတ်သီးနဲ့ မွှေကြော်ကြော်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေ ဒယ်အိုးထဲထည့်ပြီး ၃ မိနစ်လောက် မွှေပြီး ကြော်ပေးရမှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top