iMyanmarHouse.com - Best Property Website for Myanmar
×

ကလေးငယ်တွေကို ပြုစုပျိုးထောင်ရတဲ့ကိစ္စဟာ မလွယ်ကူလှပါဘူး။ အထူးသဖြင့် မိဘတွေအတွက်ပါ။ ငယ်စဉ်မှာ သင်ကြားပြသပေးမှု မှားယွင်းတဲ့အခါ ကလေးငယ်ကြီးပြင်းလာရင် ဆိုးရွားတဲ့အကျင့်စရိုက်တွေ ပေါ်လာတတ်ပါတယ်။

ကလေးငယ်တွေရဲ့ အကျင့်ဆိုးက မိဘတွေနဲ့ ဘာကြောင့် သက်ဆိုင်ရသလဲဆိုတဲ့ အချက် (၁၀) ချက်ရှိပါတယ်။

၁။ ကလေးငယ်တစ်ယောက် ခဏခဏ လိမ်တတ်နေပြီဆိုရင် မိဘတွေက ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုအပေါ် အလွန်အကျူး ဆူပူကြိမ်းမောင်းထားလို့ဖြစ်နိုင်ပါတယ်။

၂။ ကလေးငယ်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှု မရှိရင် မိဘတွေက အားပေးအားမြှောက် လုပ်သင့်တဲ့အရာတွေအပေါ် မလုပ်ပေးခဲ့လို့ ဖြစ်နိုင်ပါတယ်။

၃။ ကိစ္စတွေကို ဖြေရှင်းရာမှာ တစ်ယောက်တည်း ယုံကြည်ချက် ရှိရှိ မလုပ်နိုင်တဲ့ ကလေးငယ်ဆိုရင် သင်ဟာ သူတို့ကို လူကြားသူကြားထဲမှအစ အမျိုးတွေကြားထဲမှာအဆုံး စည်းကမ်းတင်းကျပ်ထားလွန်းလို့ ဖြစ်နိုင်ပါတယ်။

၎။ ကိုယ်နဲ့ မရှိသင့်တော့တဲ့ အရာတွေကို ကလေးငယ်တွေဆက်ပြီး ဖက်တွယ်ထားတတ်မယ်ဆိုရင် မိဘတွေက ရွေးချယ်တတ်အောင် မသင်ပေးခဲ့မိလို့ ဖြစ်နိုင်ပါတယ်။

၅။ သာမန်ထက် ကလေးငယ်တစ်ဦးက ကြောက်တတ်နေမယ်ဆိုရင် ငယ်စဉ်မှာ ချော်လဲတာမျိုး၊ အခက်အခဲ တွေ့တာမျိုး ဖြစ်တဲ့အခါ မိဘတွေကိုယ်တိုင်က အမြဲတမ်း ကူညီပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် သင်မပေးမိခဲ့လို့ ဖြစ်နိုင်ပါတယ်။

၆။ မနာလိုစိတ်ရှိတဲ့ ကလေးငယ်ဖြစ်နေပြီဆိုရင် မိဘတွေက အခြားသူနဲ့ မကြာခဏနှိုင်းယှဉ်ပြီး ပြောဆို ဆုံးမထားလို့ ဖြစ်နိုင်ပါတယ်။

၇။ ဒေါသထွက်လွယ်သူဖြစ်နေပြီဆိုရင် ငယ်စဉ်က လုပ်ရပ်တွေအပေါ်မှာ မိဘတွေက ချီးကျူးမှု မရှိခဲ့လို့ ဖြစ်နိုင်ပါတယ်။

၈။ အခြားသူရဲ့ စိတ်ခံစားချက်ကို ထည့်မတွက်တဲ့ ကလေးငယ်ဆိုရင် မိဘတွေက သားသမီးရဲ့ စိတ်ခံစားချက်ကို ထည့်မ တွက်ဘဲ အမြဲတမ်း အမိန့်တွေချည်း ပေးခဲ့လို့ ဖြစ်နိုင်ပါတယ်။

၉။ ကလေးတစ်ယောက်က အရမ်းလျှို့ဝှက်တတ်နေပြီဆိုရင် မိဘတွေရဲ့ အလွန်အကျွံ ဆူပူကြိမ်းမောင်းခြင်းကို ခံထားရ လို့ပါ။

၁၀။ ကလေးတစ်ယောက် ရိုင်းတတ်နေပြီဆိုရင်တော့ အဲဒီအကျင့်ဟာ သူ့ရဲ့မိဘတွေ၊ ဒါမှမဟုတ် သူနဲ့အတူ နေထိုင်သူ တွေဆီက ရတာဖြစ်နိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top