iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် အဆိုတော် မိုင်လေဆိုင်းရပ်စ် သည် အမေရိကန်သီချင်းဆိုပြိုင်ပွဲ The Voice (Season 10)၌ အဓိက အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အသက် (၂၃)နှစ်အရွယ် မိုင်လေဆိုင်းရပ်စ်က The Voice သီချင်းဆိုပြိုင်ပွဲ၌ အဓိကအကြံ ပေးအဖြစ် ဆောင်ရွက်ရမည့် အကြောင်း ဖေဖော်ဝါရီ ၃ ရက် တွင် တွစ်တာစာမျက်နှာမှ တစ် ဆင့် ကြေညာခဲ့သည်။

NBC ဖျော်ဖြေရေးအစီ အစဉ်ကဏ္ဍဥက္ကဋ္ဌ ပေါလ်တယ် လက်ဒီက ယင်းသတင်းကို အတည်ပြုပေးခဲ့သည်။ ‘‘မိုင်လေ စကားပြောတဲ့အချိန် အားလုံး အာရုံစိုက်ကြပါ။ မိုင်လေဆိုင်း ရပ်စ်ရဲ့ ပင်ကိုပါရမီနဲ့ ရှုမြင်တွေး ခေါ်ပုံတွေ ကြားသိရမှာဖြစ်တဲ့ အတွက် The Voice ပြိုင်ပွဲဝင်တွေ အရမ်းကို ကံကောင်းပါတယ်’’ ဟု ပေါလ်တယ်လက်ဒီက ပြော သည်။

မိုင်လေဆိုင်းရပ်စ်မတိုင်မီ က ရီဟားနား၊ တေလာဆွစ်ဖ်နှင့် ခရစ်မာတင်တို့သည်လည်း The Voice သီချင်းဆိုပြိုင်ပွဲများ၌ အဓိကအကြံပေးများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ မိုင်လေဆိုင်း ရပ်စ်သည် ခရစ္စတီးနားအာဂူလာ ရာ၊ ဘလိတ်ရှယ်တန်၊ အဒမ် လက်ဗင်းနှင့် ဖာရဲလ်ဝီလီယမ်တို့ ၏ အဖွဲ့များမှ ပြိုင်ပွဲဝင်များအားအကြံဉာဏ်ပေးရမည်ဖြစ်သည်။ The Voice (Season 10)ပြိုင်ပွဲ ကို ဖေဖော်ဝါရီ ၂၉ ရက်တွင် NBC ရုပ်သံလိုင်းက ထုတ်လွှင့် ပြသမည်ဖြစ်သည်။

Credit:  7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top