iMyanmarHouse.com - Best Property Website for Myanmar
×

နှာခေါင်းပေါ် ဆားဝက်ခြံတွေရှိပြီး အမြန်ဆုံးဖယ်ရှားချင်တယ်ဆိုရင် တကယ်လျင်မြန်တဲ့ ဖြေနည်းလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ လူအများစု ဆားဝက်ခြံပြသနာ ရင်ဆိုင်နေကြပြီး ဖယ်ရှားဖို့ရန် နည်းလမ်းအမျိုးမျိုး ကြိုးစားကြည့်ကြပါတယ်။ ဒီနည်းလမ်းက ရှေးအကျဆုံးနဲ့ အကုန်အကျအနည်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒီအဆင့် (၃) ခုလေးက သင့်ဆားဝက်ခြံတွေ ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

ရေကို ပွတ်ပွတ်ဆူအောင် တည်ပြီး သန့်စင်ထားတဲ့မျက်နှာကို ရေနွေးဆီမှ ထွက်လာတဲ့ ရေနွေးငွေ့ပေါ်မှာ ၁၀ မိနစ်ကြအောင် ထားပါ။ ဒီနည်းမှာ ပုဝါလေးနဲ့ ဖုံးအုပ်ထားဖို့ မဖြစ်မနေ လိုအပ်တာဆိုတာ မမေ့ပါနဲ့။ ဒါမှသာလျှင် ရေနွေးငွေ့တွေဟာ မျက်နှာဆီ တိုက်ရိုက် အလွယ်တကူ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်တဆင့် ဆောင်ရွက်ပေးရမှာက နှာခေါင်းနေရာကို ဆော်ဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ရေဖြင့် ဖော်စပ်ထားတဲ့အရာနဲ့ သန့်ရှင်းပေးခြင်းဖြစ်ပါတယ်။

အဲဒီအရောအနှောနဲ့ နှာခေါင်းကို ၃-၅ မိနစ်နှိပ်နယ်ပေးပြီးတဲ့နောက် ရေနဲ့ ပြန်ဆေးကြောပေး ရပါမယ်။ နောက်ဆုံးမှာ ကြက်ဥအကာ လိုအပ်ပါလိမ့်မယ်။ နှာခေါင်းကို လိမ်းကျံပြီး တစ်သျှူးဖြင့် မခြောက်မချင်း အုပ်ထားရမှာ ဖြစ်ပါတယ်။ ယင်းတစ်သျှူးကို ခွာထုတ်လို့အပြီးမှာ သင့်အသားရေ နူးညံ့ပြီး ဆားဝက်ခြံတွေ ကင်းရှင်းသွားမှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top