iMyanmarHouse.com - Best Property Website for Myanmar
×

မိုးအောင်ရင်တစ်ယောက် အဖေအောင်ရင် မြန်မာပြည် ပြန်ရောက်လာတဲ့အတွက် ပျော်နေပါတယ်။အရင်တုန်းက ရုပ်ရှင်အတူမကြည့်ဖြစ်တဲ့ သားအဖနှစ်ယောက် "ရပ်ကွက်ဘုရင်မ"ရုပ်ရှင် အထူးပြပွဲကို အတူတူလာကြည့်ဖြစ်ခဲ့ပါတယ်။ နောက်ပြီးအဖေ့ရဲ့ တစ်ကိုယ်တော်ရှိုးရှိတာကြောင့် အဖေကို စိတ်အနှောက်အယှက် မပေးဖြစ်အောင်အနားမှာ နေပေးမယ်လို့ဆိုပါတယ်။

"စိတ်အနှောက်အယှက် မပေးဘူးဆိုတာ အဖေ့ရဲ့ပွဲလေးလည်းရှိတော့ စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး။ ကိုယ့်ကြောင့် အဖေစိတ်ညစ်ရမှာကို မလိုလားတာပါ။"လို့သူကဆိုပါတယ်။

"ရပ်ကွက်ဘုရင်မ"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ထားတဲ့ မိုးအောင်ရင်က "ပရိသတ်တွေလည်း အားရကျေနပ်မှု ရှိလိမ့်မယ်လို့  ထင်ပါတယ်။ ပုံမှန်ဆိုရင် မင်းသမီးများရင်လည်း မင်းသား တွေ မပါတတ်ဘူး။ အခုက မင်းသမီးရော၊ မင်းသား ရော၊ အများကြီးပါတဲ့အတွက် ကြည့်ရတာ အဆင်ပြေတယ်။ ပျင်းလည်း မပျင်းရဘူးလေ။ဒီဇာတ်ကားကြီးက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာရုံတင်မှာပါ။ပရိသတ်တွေအားပေးကြပါအုံး"လို့ သူကပြောပြပါတယ်။

Credit : Popular News

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top