iMyanmarHouse.com - Best Property Website for Myanmar
×

ချောကလက်ကြိုက်နှစ်သက်သူတွေအတွက် နောက်ထပ်သတင်းကောင်းတစ်ခု ထွက်လာပြန်ပါပြီ။ ချောကလက်ကိတ်ပုံမှန်စားခြင်းအားဖြင့် ဝိတ်ကျစေတယ်လို့ တွေ့ရှိထားတဲ့အပြင် နေ့စဉ် ဝိုင်သောက်ခြင်း အားဖြင့်လည်း အသက်ရှည်စေတယ်လို့ မကြာသေးခင် သုတေသီတွေ ဖော်ထုတ်ထားပါတယ်။

အခုလေ့လာတွေ့ရှိချက် အသစ်အရ ချောကလက်စားခြင်းအားဖြင့် ဦးနှောက်မှတ်ဉာဏ်ပိုကောင်းလာအောင် လုပ်ပေးနိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ အထူးသဖြင့် ချောကလက်ထဲမှာ ပါဝင်တဲ့ ကိုကိုးမှုန့်ဟာ ဆက်စပ်တွေးခေါ်နိုင်စွမ်း ပိုမိုမြင့်မားစေပါတယ်။။ ဒီလေ့လာလာမှုကို သုတေသီတွေက နယူးယော့ခ်မှာ စမ်းသပ်ခဲ့ပြီး Appetite ဂျာနယ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

အခြားသော နေ့စဉ်စားသုံးပစ္စည်းတွေအားလုံးထက် ချောကလက်ကို စားသုံးတာက မှတ်ဉာဏ်တိုးတက်မှု အတွက် အထိရောက်ဆုံးလို့ ဆိုပါတယ်။ ချောကလက်စားခြင်းအားဖြင့် အခက်အခဲနဲ့ နေ့စဉ်ကိစ္စတွေကို ဖြေရှင်းရာမှာ အလွယ်တကူ သိမြင်နိုင်တဲ့အထိ ဦးနှောက်ကို တိုးတက်လာစေပါတယ်။ လူတစ်ဦးချင်းစီရဲ့ မှတ်ဉာဏ်ဖွဲ့စည်းထားနိုင်မှု၊ ဆက်စပ် တွေးခေါ်နိုင်မှု၊ အလုပ်လုပ်နိုင်မှုစွမ်းရည်၊ လေ့လာအကဲဖြတ်ခြင်း၊ အာရုံပျံ့လွင့်မှု စတာတွေကို တိုင်းတာရာမှာ ချောကလက်စားသူတွေက ပိုပြီးစွမ်းဆောင်ရည် ကောင်းနေတာတွေ့ရပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top