iMyanmarHouse.com - Best Property Website for Myanmar
×

အသက် ၄၆ နှစ်ရှိပြီ ဖြစ်ပေမယ့် အရွယ်တင်နုပျိုပြီး စွဲမက်လောက်စရာ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားဆဲ ဂျနီဖာ လိုပက်ဇ်ဟာ ခန္ဓာကိုယ် အလှအပအတွက် အစားအသောက်ကို အလွန် ဂရုစိုက်တတ်သူဖြစ်တယ်လို့ သူမရဲ့ ကျန်းမာရေး လေ့ကျင့်ရေးမှူး အန်ဒါဆန်က ဖွင့်ဟပြောပါတယ်။

ဂျေလိုလို့ ပရိသတ်တွေ ခေါ်ဝေါ်ကြတဲ့ အဆိုတော် သရုပ်ဆောင် ဂျနီဖာ လိုပက်ဇ်က သဘာဝအတိုင်း စိုက်ပျိုးထွက်ရှိပြီး လတ်ဆတ်တဲ့ အစားအစာတွေဖြစ်ဖို့ ဂရုစိုက်လေ့ ရှိပါတယ်။ ဂျေလိုဟာ ပြုပြင်ထုပ်ပိုးထားတဲ့ အစားအစာတွေကို မစားဖြစ်အောင် ရှောင်လေ့ရှိပါတယ်။

အစားအစာ စားတဲ့အခါမှာလည်း တစ်နေ့တာ အာဟာရ လိုအပ်ချက်အတွက် လုံလောက် မျှတမှုနဲ့ အချိန်မှန် စားသောက်မှုတို့ကို ဂရုစိုက်တတ်သူဖြစ်ပြီး အလွန်အကျွံ စားသောက်လေ့ မရှိပါဘူး။

ဒါ့အပြင် ဂျေလိုဟာ အနုပညာနဲ့ မိသားစုဘဝကို အလေးထားချိန်ညှိပြီး နေထိုင်တတ်သူလို့လည်း အန်ဒါဆန်က ပြောပါတယ်။ ဂျေလိုက ကျန်းမာလှပဖို့အတွက် လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်တယ်လို့ သိရပါတယ်။

ဂျေလိုထံမှ ကျန်းမာလှပအောင် ထိန်းသိမ်းနိုင်ဖို့အတွက် နေ့စဉ် စားသောက်နေထိုင်မှု ပုံစံက အရေးကြီးကြောင်း သင်ယူခဲ့ရတယ်လို့ အန်ဒါဆန်က ဖွင့်ဟပါတယ်။

သူမ အကြိုက် အစားအစာတွေကို စားလေ့ရှိပြီး အလွန်အကျွံ မစားဖြစ်အောင်တော့ ဂရုစိုက်ကြောင်း ဂျေလိုက အစားအသောက် ချင့်ချိန် စားသောက်မှုအပေါ် သူမရဲ့ အမြင်ကို ပြောပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို အမြဲ စားလေ့ရှိကြောင်းလည်း ဂျေလိုက ဆိုပါတယ်။

Credit  : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top