iMyanmarHouse.com - Best Property Website for Myanmar
×

၁ - မျက်လုံးချင်း
 လူတွေနဲ့မျက်လုံးချင်း ဆုံပေးပါ။ ဒါပေမဲ့ တစ်ယောက်တည်းကိုပဲ စိုက်ကြည့်မနေပါနဲ့။

၂ - သက်ဆိုင်တာကိုပဲ ပြောပါ
သင်ပြောမယ့်အကြောင်းအရာနဲ့ပက်သက်တာကိုပဲ ပြောပါ။ စကားလမ်းကြောင်းချော်သွားရင်ထိန်းပါ။

၃ - ရှင်းရှင်းလင်းလင်း
မသဲမကွဲနဲ့ မြန်မြန်ဆန်ဆန် ပြောတာမျိုးရှောင်ပါ။ ရှင်းရှင်းလင်းလင်းနဲ့ ခပ်မှန်မှန်ပြောတာအကောင်းဆုံးပါ။

၎ - နားထောင်သူအလိုက်
ကိုယ်ပြောမယ့်နယ်ပယ်နဲ့ သက်ဆိုင်တဲ့စကားအသုံးမျိုးတွေကိုသုံးမယ်ဆိုရင် သတိထားပါ။ ပရိသတ်က ဒီနယ်ပယ်ထဲကလူတွေဆို ကိစ္စမရှိပေမဲ့ နယ်ပယ်အသီးသီးကလူတွေဆို သူတို့အတွက် နားလည်ရခက်ပါမယ်။ ဒါပေမဲ့ သူငယ်တန်းကလေးတွေကို ရှင်းပြသလိုမျိုးလည်း မဖြစ်သင့်ပါဘူး။

၅ - အတက်အကျမရှိ
အတက်အကျမရှိတဲ့ အသံမျိုးနဲ့ပြောတာဟာ နားထောင်သူကို အလွန်ငြီးငွေ့စေပါတယ်။ အသံကို မြှင့်စရာရှိတဲ့နေရာမှာ မြှင့်ပြီး နှိမ့်စရာရှိတဲ့နေရာမှာ နှိမ့်ပါ။

၆ - စာသင်သလို
နားထောင်သူတွေကို ဘာမှမသိတဲ့ တုံးတုံးအအလူတွေလို မဆက်ဆံပါနဲ့။ သင်ဟာ ရိုင်းသလိုဖြစ်လာပြီး သင်ပြောနေတဲ့အဓိကအကြောင်းအရာနဲ့လည်း ဝေးသွားပါတယ်။

၇ - ကြိုတင်ပြင်ဆင်
ပြောမယ့်အကြောင်းအရာကို စာရွက်နဲ့ချရေးပြီး အကြမ်းဖျင်းပြင်ဆင်ထားသင့်ပါတယ်။ အဓိကအချက်နဲ့ ဒီအဓိကအချက်ကို ထောက်ပံ့ပေးမယ့်အကြောင်းအရာတွေကို အကြမ်းဖျင်းရေးသင့်ပါတယ်။

၈ - အမူအရာ
လက်နဲ့မျက်နှာဟန်အမူအရာတွေကိုလည်း အသုံးချပါ။

အဓိကအချက်ကတော့ ကိုယ်ပြောတဲ့အရာကို ကိုယ်ကိုယ်တိုင်ယုံကြည်နေဖို့အရေးကြီးပါတယ်။

 Credit : duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top