iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ဝန်ဆောင်ခြင်းကို ရှုပ်ထွေးသွားနိုင်သော သွေးတိုးခြင်းနှင့်ဆိုင်သည့် ရောဂါများတွင် ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း၊ မေ့ မြောခြင်း၊ ပြင်းထန်သော သွေးတိုးရောဂါတို့ပါဝင်ပြီး ယင်းအခြေ အနေမျိုးကြုံတွေ့ရသည့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ပြီး နောင်နှစ် (၂၀) အကြာတွင် သေဆုံးနိုင်သော အန္တရာယ်ပိုများလာ ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

သွေးတိုးခြင်းနှင့် ဆိုင်သော ရောဂါဖြစ်ဖူးသည့် အမျိုးသမီးများ သည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်သော အန္တရာယ်ပိုများကြောင်း အမေရိကန်နိုင်ငံ ယူတားကျန်းမာရေးသိပ္ပံဌာနမှ သု တေသီများက ပြောသည်။

ယင်းရောဂါဖြစ်ဖူးသော အမျိုးသမီးများအား ဆရာဝန်များက ကလေးမွေးဖွားပြီးနောက်တွင်လည်း ကျန်းမာရေးစစ်ဆေးမှုများ ပြု လုပ်ကာ ဆေးဝါးကုသပေးသင့်ကြောင်း သုတေသီများက ပြော သည်။ကိုယ်ဝန်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်ဖိအားဖြစ်စေခြင်းကိုသိထားကြသည်မှာကြာပြီဖြစ်ကာ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဖြစ် ပေါ်သည့် အခြေအနေအချို့က တစ်သက်တာကျန်းမာရေးပြဿနာများကို ဖော်ပြနိုင်သည်။

ယခုလေ့လာမှုက ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးတိုးရောဂါ ဖြစ်ပွားမှု ရာဇ၀င်ရှိသော အမျိုးသမီးများ သေဆုံးနိုင်သည့် အန္တ ရာယ်မြင့်မားခြင်းနှင့် သေဆုံးခြင်းအကြောင်းရင်း၊ အချိန်ကာလ စသည်တို့ကို လေ့လာခဲ့ခြင်းဖြစ်သည်။

၁၉၃၉ မှ ၂၀၁၂ အတွင်း ကလေးမွေးဖွားမှုဆိုင်ရာ အချက်အ လက်ပေါင်း သိန်း ၂၀ ကျော်ကို သုတေသီများက လေ့လာခဲ့ကြပြီး သွေးတိုးခြင်းနှင့်ဆိုင်သော ရောဂါဖြစ်ဖူးသည့် အမျိုးသမီးများသည် အကြောင်းရင်းများအားလုံးကြောင့် သေဆုံးနိုင်သော အန္တရာယ်မြင့် မားကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ၎င်းတို့သည်ဇရာကြိုရောဂါ၊ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါတို့ကြောင့် သေဆုံး
 နိုင်ခြေမြင့်မားကြောင်း လေ့လာမှုကဖော်ပြသည်။ ယခုလေ့လာမှု ကို မိခင်ဘ၀နှင့် သေဆုံးမှုဆိုင်ရာ ဆေးပညာဆွေးနွေးပွဲတွင် တင် ပြခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top