iMyanmarHouse.com - Best Property Website for Myanmar
×

ဟာသ

မိန်းကလေးတွေက ဟာသကြိုက်တယ်လို့ သိထားတာကြောင့် နှစ်ယောက်သားတွေ့ကြတဲ့အခါ ဟာသတွေထိုင်ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ပရိသတ်တစ်ယောက်တစ်ယောက်တည်းကို တစ်ကိုယ်တော်ဖျော်ဖြေနေတဲ့ လူပြက်ပုံစံမျိုးကို မိန်းကလေးတွေက မကြိုက်ပါဘူး။

လုပ်သင့်တာ - လူပြက်တစ်ယောက်လို တစ်ယောက်တည်းပြောနေတာမျိုးမလုပ်ဘဲနဲ့ အပြန်အလှန်ပြောပါ။ သူပြောတာကို အာရုံစိုက်နားထောင်ပါ။ လိုအပ်ရင် သူ့ကိုမေးခွန်းတွေမေးပါ။ ဖန်တီးယူတဲ့ ဟာသမျိုးမဟုတ်ဘဲ ကိုယ်စိတ်ပါတဲ့အချိန်ကျမှပဲ သူရယ်အောင်လုပ်သင့်ပါတယ်။

လက်ထပ်ချင်တယ်

မိန်းကလေးတိုင်းက လက်ထပ်လို့ရမယ့်ယောကျာ်းကို ရှာနေတာမဟုတ်ပါဘူး။ အားကိုးလို့ရမယ့်ယောကျာ်းကိုရှာနေတာပါ။

လုပ်သင့်တာ - ငါကလက်ထပ်မယ့်လူပဲဆိုတာနဲ့ အားလုံးကပြီးသွားမှာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်းကြုံနေရမယ့်ကိစ္စလေးတွေကို အလေးထားဂရုစိုက်ပါ၊ဖြေရှင်းပါ။

သူရဲကောင်း

မိန်းကလေးတစ်ယောက်ဆီက လေးစားမှုကိုရဖို့အတွက် ကြီးကြီးမားမားတွေပဲ ပြောဆိုလုပ်ကိုင်မနေသင့်ပါဘူး။

လုပ်သင့်တာ - ဈေးကြီးတဲ့စားသောက်ဆိုင်ကို ရွေးချယ်တွေ့ဆုံတာမျိုးကကောင်းပေမဲ့ သူ့ရှေ့မှာ စားပွဲထိုးကိုလေးလေးစားစားဆက်ဆံပြတာမျိုးက ပိုအရေးကြီးပါတယ်။ အဆင့်အတန်းမခွဲခြားဘဲ လူတွေကို လေးလေးစားစားဆက်ဆံပြတာက အရေးကြီးပါတယ်။ အရေးကြီးဆုံးကတော့ သူ့ကို လေးစားဖို့ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top