iMyanmarHouse.com - Best Property Website for Myanmar
×

မနက်အိပ်ယာထလို့ သွားတိုက်တဲ့အခါ မှန်ရှေ့မှာ တိုက်လေ့ရှိပါတယ်။ တကယ်တော့ မှန်ရှေ့မှာ သွားတိုက်တာဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။

ဟုတ်ပါတယ်။ မှန်ရှေ့မှာ သွားတိုက်တာ မကောင်းပါဘူး။ ပထမဆုံး အကြောင်းပြချက်ကတော့ မှန်ရှေ့မှာ သွားတိုက်တဲ့အခါ ပါးစပ်နဲ့ သွားကို ဂရုမစိုက်မိပဲ ဖြစ်တတ်ပါတယ်။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် မှန်ရှေ့မှာ သွားတိုက်မိတဲ့အခါ ကိုယ့်ရဲ့မျက်နှာကိုသာ သတိထားနေတတ်ကြပါတယ်။ ဆံပင်ပုံစံ ဘယ်လိုဖြစ်နေလဲ၊ ဝက်ခြံတွေ ထွက်နေပြီလား၊ မျက်နှာ ကြည့်ကောင်းရဲ့လား စသဖြင့် အာရုံစိုက်တတ်ကြပါတယ်။

ဒီတော့ သွားတိုက်တဲ့နေရာမှာ စားကြွင်းစားကျန်တွေကို သေသေချာချာမတိုက်မိပဲ ဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်တစ်ချက်က အချိန်ကုန်တာပါ။ စစ်တမ်းအရတော့ မှန်ကြည့်ပြီး သွားတိုက်ခြင်းဟာ ငါးမိနစ်ကနေ ဆယ်မိနစ်အထိ အချိန်ကုန်စေတတ်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်ဟာ ရေးကြီးခွင်ကျယ် လုပ်ထားတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ ငါးမိနစ်၊ ဆယ်မိနစ်ကြောင့် အလုပ်အကိုင်နဲ့ အကျိုးအမြတ်တွေ ဆုံးရှုံးရဖူးသူတွေ ရှိပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top