iMyanmarHouse.com - Best Property Website for Myanmar
×

အပေါင်းအသင်းတွေနဲ့ ညဘက်အပြင်ထွက်တဲ့ အမျိုးသားတွေက စိတ်ဖိစီးမှုတွေ ပိုပြီး လျော့ကနိုင်ခြေ ရှိတယ်လို့ ဂျာမနီသုတေသန ရလဒ်က အတည်ပြုပါတယ်။အိမ်ထောင်ရှင် အမျိုးသမီးတွေ ကြားချင်ကြမှာ မဟုတ်တဲ့ သုတေသနစစ်တမ်းတစ်ခု ရလဒ်ကို ဂျာမနီက သုတေသီတွေ ဖော်ထုတ်လိုက်ပါတယ်။ ညဘက်အပေါင်းအသင်းတွေနဲ့ အပြင်လျှောက်လည်တက်တဲ့ အလေ့အကျင့်ဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ပိုလို့ကောင်းမွန်စေကြောင်း အဆိုပါ သုတေသန ရလဒ်က ဖော်ပြပါတယ်။

လေ့လာမှုအရ အမျိုးသားအများစုဟာ အပေါင်းအသင်းတွေနဲ့ ညဘက်လျှောက်လည်တဲ့အခါ စိုးရိမ်ပူပန်မှုတွေ ကျင်ဆင်းသွားလေ့ရှိတာကို တွေ့ရပါတယ်။ အမျိုးသားတွေရဲ့ စိတ်အတွင်းမှာ ရှိနေတဲ့ ဖိအားတွေလည်း လျော့ကျသွားလေ့ရှိပါတယ်။ ဒီလော့လာမှုကို ဂျာမနီဂေါ့တင်ဂျန်တက္ကသိုလ်က မျောက်ဝံထီးတွေနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ လူသားမျိုးနွယ်နဲ့ အနီးစပ်ဆုံး မျောက်ဝံ(ထီး)တွေကလည်း ညဘက်မှာ မိသားစုနဲ့ မဟုတ်ပဲ အပေါင်းအသင်းနဲ့ နေထိုင်ရတာကို နှစ်သက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေက ချစ်သူသို့မဟုတ် မိသားစုနဲ့ ရှိနေတဲ့အခါ စိတ်ဖိစီးမှု ဟော်မုန်းတွေ များနေလေ့ ရှိပြီး အပေါင်းအသင်းတွေနဲ့ တွေ့ရတဲ့အခါ အဲဒီဖိစီးမှု ဟော်မုန်းဓာတ်တွေ လျော့ကျသွားလေ့ရှိပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top