iMyanmarHouse.com - Best Property Website for Myanmar
×

လက်ဝတ်ရတနာ ဆိုင် တစ်ခုကနေ မဟုတ်ပဲ အခြားတစ်နေရာရာကနေ လက်စွပ် အသစ်တစ်ကွင်း ၀ယ်လာတဲ့အခါမှာ သင်ဟာ သင့်ရဲ့ လက်ချောင်းပေါ်လက်စွပ်ရာ တစ်ခု ထင်လာတော့မယ် ဆိုတာကို သိလိုက်မှာပါ။ လက်စွပ်ကို ဖယ်လိုက်တဲ့အခါ လက်ချောင်းမှာ ကျန်နေတတ်တဲ့ လက်စွပ်ရာကို တွေ့တွေ့ချင်းမှာတော့ သင် အံ့သြမိသွားမှာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ဒါကို ရှောင်ကြဉ်နိုင်မယ့် နည်းလမ်း ၄ သွယ်ရှိပါတယ်။

၁။ အရမ်းမကြောက်ပါနဲ့
အဲဒီလို လက်စွပ်ရာ ကျန်နေတယ်ဆိုတာ သေရာပါ တော့မဟုတ်ပါဘူး။ ဒါကြောင့် အရမ်းမကြောက်လိုက်ပါနဲ့။ အကယ်၍ သင့် လက်ချောင်းမှာ လက်စွပ်ရာ ပေါ်နေပြီဆိုရင် အဲဒါကို ဖြစ်စေတဲ့ လက်စွပ်ကို ချွတ်ထားလိုက်ပါ။ မကြာမီမှာပဲ လက်စွပ်ရာ အလိုလို ပျောက်ကွယ်သွားမှာပါ။ သင်ဟာ သတ္တုတွေနဲ့ ပတ်သက်ပြီး ယားယံမှု မရှိသူဆိုရင် ဒီလိုဖြစ်ရင်းအကြောင်းအရင်းဟာ ဓါတု ဓါတ်ပြုမှု သာဖြစ်ပါတယ်။ သတ္တုနဲ့ သင့်အရေပြားထဲက အက်ဆစ်တို့ ဓါတ်ပြုပေါင်းစပ်ခြင်းကြောင့်ပါ။ ကျွမ်းကျင်သူတွေပြောကြားချက်အရ သင့်လက်ချောင်းတွေမှာ လက်စွပ်ရာ ထင်ကျန်မှု ဖြစ်ပေါ်စေဖို့အတွက် သင့်အရေပြားထဲက အက်ဆစ်တွေနဲ့ ပေါင်းစပ် ဓါတ်ပြုမှု ဖြစ်စေနိုင်တဲ့ သတ္တု အမျိုးအစားတွေ များစွာရှိတယ်လို့လည်း သိရပါတယ်။ ကြေးနီနဲ့ ပြုလုပ်တဲ့ လက်စွပ်တွေဟာ လက်စွပ်ရာဖြစ်စေတဲ့ အဓိက တရားခံဖြစ်ပြီး ငွေနဲ့ရွှေ သတ္တုတွေကတော့ အရောင်ပြောင်းလဲမှုကို ဖြစ်စေနိုင်ပါတယ်။

၂။ ဈေးပေါတဲ့ လက်ဝတ်ရတနာတွေကို ရှောင်ကြဉ်ပါ
ဒီနည်းလမ်းကတော့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ “တန်ရာတန်ရာပဲရမယ်” ဆိုတဲ့စကားလိုပါပဲ။ ဈေးပေါတဲ့ လက်ဝတ်ရတနာတွေဟာ လှပပြီး ၀ယ်ယူဖို့တတ်နိုင်ပေမယ့် သင့်ကို လက်ချောင်းတွေပေါ်မှာ လက်စွပ်ရာ ထင်ကျန်နေစေမှာပါ။ စတိန်းလက်စ်စတီးလ် ၊ ပလက်တီနမ် နဲ့ ရိုဒီယမ် စတဲ့ ရွှေဖြူပါဝင်တဲ့ လက်ဝတ်ရတနာတွေဟာသင့်အရေပြားနဲ့ ဓါတ်ပြုဖို့ နည်းပါတယ်။

၃။ အသားအရေကို ခြောက်သွေ့အောင်ထားပါ
ဆပ်ပြာတွေနဲ့ လိုးရှင်း တို့ကိုတော့ သင့်လက်စွပ်နဲ့ ဝေးဝေးမှာထားပါ။ နောက်ပြီးတော့ လက်ဆေးခါနီး(သို့) ရေမချိုးခင်တို့မှာ လက်စွပ်ကို ချွတ်ထားပါ။ ရေကူးကန်မှာ လက်စွပ်ဝတ်ခြင်း ရှောင်ကြဉ်ပါ။ ရေကူးကန်မှာသုံးတဲ့ ကလိုရင်းဟာ သင့်ရဲ့  လက်စွပ်ကိုလည်း ထိခိုက်နိုင်ပြီး သင့်ကိုလည်း လက်စွပ်ရာ အကြာကြီး ထင်သွားစေမှာပါ။

၎။ အမြန်ဖယ်ရှားပါ
အကယ်၍ သင်ဟာ လက်စွပ် ၀တ်နေဆဲဖြစ်ပြီး လက်စွပ်ရာ ထင်နေဆဲ ပဲ ဆိုရင်တော့ လက်သည်းဖျက်ဆေးကို သုံးပြီး အမြန်ဖယ်ရှားပါ။ ဒါမှမဟုတ်သင့်လက်စွပ်မှာ ပိုလီမာ ဖုံးအုပ်ပြီး ခြောက်သွေ့အောင်ထားပါ။ အဲဒါဟာ သင့်အရေပြားနဲ့ သတ္တုကြားမှာ ကြားခံနယ် တစ်ခုဖြစ်စေပါတယ်။ အဲဒါဆိုရင်တော့ လက်စွပ်ရာ ကျန်ဖို့ မရှိတော့ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top