iMyanmarHouse.com - Best Property Website for Myanmar
×

အသားအရေအတွက် အထူးကောင်းမွန်တဲ့ သခွားသီးကတော့ စူပါသီးနှံတွေထဲက တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ ဈေးကိုရောက်ရင် မဝယ်မဖြစ် ဝယ်သင့်တာကလည်း သခွားသီးပါပဲ။ စားရင်လည်း ကျန်းမာစေသလို အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ သင့်ကို ပိုပြီးလှပလာအောင် သခွားနဲ့ပြုလုပ်နိုင်တဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

၁။ တိုနာ (toner)

သဘာဝ တိုနာအဖြစ် သခွားသီးရည်ကို အသုံးပြုနိုင်ပါတယ်။ သခွားသီးမှာ ရေဓာတ် ၉၅% ပါဝင်ပြီး ဘေးဥပါဒ်လည်း မဖြစ်စေပါဘူး။ အဆီပြန်ခြင်းကို လျော့ပါးစေပြီး အသားအရည်ကို အေးမြစေတဲ့ သဘာဝတိုနာဖြစ်ပါတယ်။

၂။ မျက်နှာပေါင်းတင်ဆေး

သခွားသီးနဲ့လည်း မျက်နှာပေါင်းတင်နိုင်ပါတယ်။ သခွားသီးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို ဒိန်ချဉ်နဲ့ရောစပ်ကာ မျက်နှာပေါ်လိမ်းပေးရပါမယ်။ မိနစ် ၃၀ အကြာမှာ ရေပြန်ဆေးလိုက်ရင် စိုပြေချောမွေ့တဲ့မျက်နှာလေးကို မြင်ရပါလိမ့်မယ်။

၃။ နေလောင်ဒဏ်ကို ကုစားနိုင်

သခွားသီးကိုကြိတ်ပြီး အရည်ညှစ်ပါ။ သခွားရည်နဲ့ သံပုရာကို ဆတူ ရောစပ်ပြီး နေလောင်ဒဏ်ခံရတဲ့ နေရာတွေကို သုတ်လိမ်းပေးရပါမယ်။ ၁၅ မိနစ်ကြာမှ ရေအေးအေးနဲ့ ပြန်ဆေးတာမျိုး ပြုလုပ်ပေးရင် နေလောင်ဒဏ်ကွက်တွေ ပျောက်ကင်းနိုင်ပါတယ်။

၎။ လှပတဲ့ မျက်ဝန်းတစ်စုံဖြစ်ဖို့

အကွင်းပါးပါးလေးတွေလှီးပြီး မျက်လုံးတစ်ဝိုက်မှာ ကပ်ပေးရုံနဲ့ မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာကို ပျောက်ကင်းစေမှာပါ။

၅။ ဆံပင်ပေါင်းတင်ဆေး

တောက်ပကျန်းမာတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်ဖို့ သခွားသီးနဲ့ ပေါင်းတင်ကြည့်ရအောင်။ လိုအပ်တာကတော့ သခွားသီးရယ်၊ သံလွင်ဆီနဲ့ ကြက်ဥတစ်လုံးပါ။ အားလုံးကို blender ထဲမှာ ရောပြီးမွှေလိုက်ပါ။ ဒါဆိုရင် ပျက်စီးကြမ်းတမ်းနေတဲ့ ဆံပင်တွေကို နူးညံ့တောက်ပလာစေမယ့် ဆံပင်ပေါင်းဆေးရပြီပေါ့။ ၁၀ မိနစ်လောက် ပေါင်းပေးပြီး ခေါင်းလျှော်ပေးရုံပါပဲ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top