iMyanmarHouse.com - Best Property Website for Myanmar
×

၁ - တည်ငြိမ်
စိတ်အပြောင်းအလဲမြန်သူတွေ မဟုတ်ပါဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုးမဖြစ်တတ်ပါဘူး။ စိတ်ထား တစ်သမတ်တည်းရှိသူတွေပါ။

၂ - တက်ကြွ
ဘယ်ကိစ္စမဆို တက်တက်ကြွကြွရှိပါတယ်။ ပျော့ဖတ်ဖတ်နဲ့ တွန့်ဆုတ်တွန့်ဆုတ်ပုံစံမျိုး မရှိပါဘူး။

၃ - မေ့ပျောက်လွယ်တယ်
သူတို့ကတစ်စုံတစ်ခုကို အညိုးအတေးကြီးသူတွေမဟုတ်ပါဘူး။ မကောင်းတဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကို မေ့ပျောက်လွယ်ပါတယ်။

၎ - လွပ်လပ်တဲ့စိတ်ထား
ဘဝ၊အချစ်၊ လူနှစ်ဦးဆက်ဆံရေး စတဲ့ကိစ္စတွေမှာ လွပ်လပ်တဲ့အတွေးအခေါ်မျိုးရှိပါတယ်။ ဒီလိုစိတ်ထားမျိုးကြောင့် မိန်းကလေးသူငယ်ချင်း အရင်းကြီးဆိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၅ - ပျော်တတ်
အသေးအဖွဲ့လေးတွေက သူတို့ကို စိတ်အနှောင့်အယှက်မပေးနိုင်ပါဘူး။ ဒါကြောင့် တစ်ခုခုကို ငြီးညူနေသူတွေမဟုတ်ပါဘူး။ အပေါင်းအသင်းနဲ့ပက်သက်ရင် အမြဲတမ်း ပျော်ရွှင်တတ်တဲ့စိတ်ထားရှိနေသူတွေပါ။

၆ - အသစ်
အသစ်တစ်ခုခုကိုလုပ်ဖို့ စိတ်အားထက်သန်သူတွေပါ။ ဒါကြောင့်မို့ နေရာသစ်၊ ကိစ္စသစ်တွေကိုလုပ်ကြဖို့ သွားတိုင်ပင်ရင် အမြဲလက်ခံတတ်တဲ့မိန်းကလေးမျိုးပါ။

၇ - သူငယ်ချင်း
ကိုယ့်သူငယ်ချင်းရဲ့ ကောင်မလေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူက ပေါင်းတတ်သင်းတတ်ပါတယ်။

၈ - မတွန်းဘူး
သင်တကယ်မလုပ်ချင်တာကို သူတို့က တွန်းတွန်းတိုက်တိုက်မလုပ်ပါဘူး။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top