iMyanmarHouse.com - Best Property Website for Myanmar
×

ကျွန်ုပ်ကို မမုန်းပါနဲ့။ ကျွန်ုပ်၏ သင့်အပေါ်မှားခဲ့တဲ့ အမှားကို ခွင့်လွှတ် နိုင်အောင်ကြိုးစားပါ။ ကျွန်ုပ်ကြောင့် သင်ရဲ့စိတ်မှာ ခံစားရ တာတွေကို ပြေလျော့နိုင်အောင်ကြိုးစားပါ။

တစ်ခါတစ်ရံ လူလောကမှာ တစ်ဖက်မှ အမှားကို တစ်ဖက်လူက နားလည် ခွင့်လွတ်နိုင်ခြင်းဟာ မင်္ဂလာ တစ်ပါး ဖြစ်သည်။ သူမှားသော်လည်း ကိုယ်မမှားအောင် ကြိုးစားနိုင်မှသာ မိမိသည် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်လိမ့်မည်။

သူတစ်ပါးကို ပြောင်းလဲတာနဲ့ စာရင် မိမိ၏ စိတ်ကို ပြောင်းလဲတာက အကောင်းဆုံး ဖြစ်သည်။ တစ်ပါးသူ အမှားကို လိုက်ကြည့်နေတာနဲ့ စာရင် မိမိအမှားကို ပြန်လည်ဆန်းစစ်ခြင်းသည် ကောင်းသော အမူအကျင့်
ဖြစ်သည်။ စိတ်ထား ကောင်းပါတယ်လို့ မိမိကိုယ်ကို ပြောနေတာထက် စာရင် ကောင်းတဲ့အပြု အမူတွေကို လုပ်ပြခြင်းသည် ပိုမို၍ ကောင်းမွန် ပါသည်။

ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေကို အမှားတွေကို သင်ခန်းစာယူပြီး ယခုလက်ရှိကစ နောင်အချိန်တွေတိုင်းမှာ မိမိကိုယ်ကိုယ် သေချာစွာ ပြုစုပျိုးထောင် နိုင်ကြပါစေ။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top