iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့ကို ကော်ဖီ ၃ ခွက်သောက်ခြင်းက ရင်သားအရွယ်အစားကို လျော့ကျစေပြီး ကော်ဖီသောက်တဲ့သူတွေရဲ့ ရင်သားက မသောက်တဲ့ သူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ၁၇% ပိုသေးငယ်တာတွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ကဖင်းဓာတ်က အမျိုးသမီးဟော်မုန်း တစ်မျိုးဖြစ်တဲ့ အီစထရိုဂျင် ဟော်မုန်းနဲ့ ဓာတ်ပြုတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုသိရတဲ့အတွက် ကိုယ့်ရဲ့ကော်ဖီသောက်တတ်တဲ့ အကျင့်ကို စွန့်ပစ်ဖို့ မစဉ်းစားလိုက်ပါနဲ့ဦး။

University of Southampton မှ သုတေသီတွေက အသည်းကင်ဆာနဲ့ ကဖင်းဓာတ်ရဲ့ ဆက်နွယ်မှုကို မတူညီတဲ့ လေ့လာမှု ၉ မျိုးကနေ တွေ့ရှိခဲ့ကြပါတယ်။ ကဖင်းဓာတ်တိုးလာလေ အသည်းကင်ဆာ ဖြစ်နိုင်ချေကို ထက်ဝက် လျှော့ချနိုင်လေ ဖြစ်ပါတယ်။

တစ်နေ့ကို ကော်ဖီ ၂ ခွက်သောက်ခြင်းက အသည်းကင်ဆာကို တိုက်ဖျက်နိုင်ပြီး ကင်ဆာ ကြောင့် သေဆုံးနိုင်ခြင်းကိုလည်း သိသိသာသာ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ နှစ်ဆတိုးပြီး လေးခွက်ခန့် သောက်သုံးမယ်ဆိုရင်တော့ အသည်းကင်ဆာ ဖြစ်နိုင်ချေကို ၆၅ %လောက်လျှော့ချပေးနိုင်ပေမဲ့ ကိုယ့်ရဲ့ ရင်သားအရွယ်အစားကိုလည်း ထိန်းသိမ်းချင်တယ်ဆိုရင်တော့ ၃ ခွက်အောက်သောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် အသည်းရောဂါကြောင့် သေဆုံးသူပေါင်း ၁ သန်းကျော်ရှိပြီး အမေရိကန်နိုင်ငံ တစ်ခုတည်းမှာတင် ၃၆၀၀၀ ကျော်သေဆုံးလျက်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရင်သားကိုမဆိုစလောက် သေးငယ်သွားစေရုံနဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အသည်းကင်ဆာ ရောဂါကနေ ကာကွယ်ပေးမယ်ဆိုရင် နှစ်ဖက်ညီမျှအောင် ထိန်းပြီး ကာကွယ်သင့်တယ်လို့ ပညာရှင်များက ပညာရှင်များက အကြံပြု တင်ပြထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top