iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အငတ်ခံတာ

ဝိတ်ကျဖို့အတွက် အငတ်ခံတာလုံးဝမကောင်းပါဘူး။ အဆုံးမှာတော့ သင့်ခန္ဓာကိုယ်က တောင်းဆိုနေသလောက်စားရတာပါပဲ။ ဒီအခါမှာ ပုံမှန်တိုင်းစားတာထက် ပိုစားဖြစ်သွားတတ်ကြပါတယ်။

၂ - လေ့ကျင့်ခန်းလုပ်လိုက် ၊ စားလိုက်

 လေ့ကျင့်ခန်းတွေလုပ်တာနဲ့ပဲ ဝိတ်မကျပါဘူး။ လေ့ကျင့်ခန်းလုပ်လေ ပိုစားလေပါ။ အရေးကြီးဆုံးအချက်က ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တာထက် ကယ်လိုရီတွေ ပိုစားနေတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်ပြီး ကယ်လိုရီကိုလည်း လျော့ချမှ ဝိတ်တကယ်ကျပါမယ်။

၃ - သကြားနဲ့စတာ

နေ့တစ်နေ့ကို သကြားနဲ့အစပြုတာဖြစ်ပါတယ်။ မနက်စတာနဲ့ သကြားဓာတ်ပါတဲ့ အစားအသောက်တွေကို စားတာဖြစ်ပါတယ်။ ဒါဟာ ဝိတ်ကျခြင်းကို ဟန့်တားနေပါတယ်။ နေ့တစ်နေ့ရဲ့အစမှာ ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေနဲ့စသင့်ပါတယ်။

၎ - အပျော်လွန်

ပျော်ရတဲ့အချိန်မှာ အပျော်လွန်တာမျိုးပါ။ သူငယ်ချင်းတွေနဲ့ဆုံလို့ အပြင်ထွက်စားတဲ့အခါ ကိုယ်လျော့စားမယ်လို့ စဉ်းစားထားတာတွေလည်းပျောက်ကုန်ပါတယ်။ ဘီယာ၊အရက်သောက်တဲ့လူတွေလည်း အဖော်ကောင်းရင်အပျော်လွန်ပြီး ပိုသောက်ပိုစားလာပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top