iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ အလုပ်တွေ၊ အိမ်မှုကိစ္စတွေ၊ လူမှုရေးရာ စတဲ့ကိစ္စရပ်ပေါင်းများစွာကြောင့် သင့်ရဲ့တစ်ဦးတည်းသော မိခင်ကို ပစ်ထားမိမှန်းမသိ ပစ်ထားမိနေတာကို သတိပြုမိပါရဲ့လား။ သူက သင့်ဆီကို ဘာလုပ်နေလဲ၊ နေကောင်းရဲ့လား၊ ထမင်းမှန်မှန်စားရဲ့လား စတာတွေကို သတိတရ မေးတတ်ပေမယ့် သင်ကရော သင့်မိခင်ဆီက ခုလို မေးခွန်းလေးတွေ သတိတရ ပြန်မေးမိပါရဲ့လား။ တကယ်တော့ ကိုယ့်မိခင်ဆီ တစ်နေ့ကို တစ်ခါ ဖုန်းလေးဆက်ပြီး နေထိုင်ကောင်းပါရဲ့လား၊ ထမင်းစားကောင်းရဲ့လား စတဲ့မေးခွန်းလေးတွေ မေးမြန်းပေးခြင်းဟာ သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အားအင်တွေပါ။ သူ့ဆီကို သင်မရောက်ဖြစ်ရင်တောင်၊ ဒါမှမဟုတ် သင်သူ့ကို ဂရုမစိုက်ဖြစ်ဘူး ထင်မိရင်တောင် ဒီလို ဖုန်းလေးတစ်ချက် ဘာ့ကြောင့်ဆက်သင့်တယ်ဆိုတာ ပြောပြရရင်ဖြင့်

၁။ တခြားလူတွေကလည်း သင့်နည်းတူ သင့်မိခင်ကို ဂရုမစိုက်နိုင်တော့ပါဘူး။ သင့်မွေးချင်းတွေကလည်း ခုဆို ချစ်သူရည်းစား၊ အိမ်ထောင်တွေနဲ့ ဖြစ်ကုန်ပြီလေ။

ငါ အမေ့ကို သိပ်ဂရုမစိုက်ဖြစ်လဲ ငါ့ညီလေး၊ ငါ့ညီမလေး ဂရုစိုက်မှာပေါ့လို့တော့ မတွေးလိုက်ပါနဲ့။ သူတို့ကလည်း သင်နဲ့အတွေးတူချင်တူနေပါလိမ့်မယ်။ မဟုတ်လည်း သူတို့မှာ လုပ်စရာတွေ ပြည့်နှက်ပြီး အမေ့အတွက် ဖြည့်စွက်တွေးပေးနိုင်ဖို့ ပိုမဖြစ်နိုင်တာမျိုးရှိနေပါလိမ့်မယ်။ အမေတစ်ယောက်တည်း အိမ်မှာ တကုတ်ကုတ်နဲ့ နေနေရတယ်ဆိုရင် ခု အလုပ်ထဲကနေ၊ ဒါမှမဟုတ် ကျောင်းကနေ ဖုန်းခေါ်ပြီး အမေအိမ်မှာ နေကောင်းရဲ့လား မေးကြည့်လိုက်ပါဦး။

၂။ သင့်ဆီ သူမပို့ထားတဲ့ ဖေ့စ်ဘွတ်ခ်က friend request ကို လျစ်လျူရှုထားဆဲ ဖြစ်လို့လေ။

မိခင်တွေရဲ့ နေ့စဉ်ဘ၀တွေမှာ ကိုယ့်သားသမီးတွေနဲ့ တဖြည်းဖြည်းဝေးကွာတယ်လို့ ခံစားလာကြရတဲ့အခါ သူတို့နဲ့နီးစပ်ဖို့ နည်းမျိုးနဲ့ ကြိုးစားလေ့ရှိပါတယ်။ ခုဆိုရင် သင့်ဖေ့စ်ဘွတ်ခ် account ကိုတောင် သင့်မိခင်က friend request ပို့ထားတာ သင်မြင်မှာပေါ့။ ဒါ သင်နဲ့ပိုနီးစပ်ချင်၊ အထိအတွေ့ရှိချင်၊ သင်ဘာတွေခံစားနေရသလဲဆိုတာ သိချင်လို့ပါ။  ဒါပေမယ့် သင်ကလည်း ဒီလိုမျိုး ကိုယ်ဘာလုပ်နေသလဲဆိုတာ အားလုံးမိခင်ကို ပေးမသိချင်တဲ့ အခါကျတော့ သူမrequest ကို လျစ်လျူရှုထားဆဲမို့ သူမနဲ့နေ့စဉ်နေ့တိုင်း ဖုန်းပြောပေးခြင်းက ခုလို လုပ်ဆောင်ထားတာကို အကာအကွယ် ဖြစ်သွားမှာ ဖြစ်သလို သူမနဲ့လည်း အရင်ထက် ပိုမို နီးစပ် ပြောဆိုဖြစ်ပါလိမ့်မယ်။

၃။ဖုန်းတစ်ခါ ခေါ်လိုက်ခြင်းက အရင်က နှစ်ဦးကြားရှိနေတဲ့ အစိုင်အခဲလေးတွေအားလုံးကို ဖျောက်ပျက်ပစ်နိုင်လို့ပါ။

သင်ဟာ သင့်မိခင်ကို စိတ်မကောင်းဖြစ်အောင် ပြောဆိုထားဖူးပါသလား။ သူမရဲ့ စေတနာ မေတ္တာကို အလေးမထားသလို ဆက်ဆံမိဖူးပါသလား။ ဒီလိုဆိုရင်တော့ ဒီအခြေအနေကြီးကို ဖျောက်ပျက်ပစ်ဖို့ဆိုတာ သူမဆီကို သင်ဖုန်းဆက်ပြီး အာလာပသလာပလေး ပြောပေးရုံနဲ့ အဆင်ပြေပါတယ်။

၎။သူ့အတွက် စိတ်ဓာတ်ခွန်အား ပေးနိုင်ရုံမက သင်လည်း သူမကြောင့် အလုပ်မှာ ပိုအဆင်ပြေပါလိမ့်မယ်။

ကိုယ့်သားသမီးဖုန်းခေါ်တာကြောင့် နေမကောင်းချင်သလို ဖြစ်နေတဲ့ မိခင် ထူထူထောင်ထောင် ဖြစ်သွားတယ်ဆိုတာ အပြောမဟုတ်ပါဘူး။ တကယ့်အဖြစ်အပျက်တွေ အများကြီးပါ။ မိခင်တွေဟာ သားသမီးက သူတို့ကို ဂရုတစိုက်ရှိတယ်ဆိုတာလေး သိရုံနဲ့ ပျော်ရွှင်ဝမ်းသာကြသလို စိတ်ဓာတ်ခွန်အားတွေလည်း ပိုတိုးလာတတ်ကြပါတယ်။ အပြန်အလှန်အားဖြင့် သင်လည်း သင့်မိခင်နဲ့အဆင်ပြေပြေရှိမယ်ဆိုရင် သင်လုပ်ဆောင်ရတဲ့ အရာတွေ တော်တော်များများ အဆင်ပြေနေတာမျိုး ကြုံရပါလိမ့်မယ်။

၅။ကမ္ဘာပေါ်မှာ သူမဟာ သင့်အတွက် တစ်ဦးတည်းသောသူ ဆိုတဲ့ အချက်တစ်ချက်နဲ့တင် သင်သူမအတွက် တစ်နေ့ကို တစ်ခါ ဖုန်းဆက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်က လုံလောက်သွားပါပြီ။

အသက်နဲ့ရင်းပြီး သင့်ကို မွေးဖွားသန့်စင်ပေးတဲ့ တစ်ဦးတည်းသော သင့်မိခင်အတွက် သင့်ရဲ့ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ ကြင်နာမှု၊ ဖေးမယုယမှုတွေ ပြသင့်တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ ဒီတော့ ဖုန်းလေးတစ်ချက်လောက် ဆက်လိုက်တာက သင့်အတွက် ဘာမှအပန်းမကြီးသွားဘူးလေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top