iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါတစ်လေ ကိုယ့်အထင်နဲ့ တကယ်ဖြစ်နေတာတွေနဲ့ လွဲချော်နေတာတွေ ရှိပါတယ်။ ကိုယ့်ကို သစ္စာရှိရှိ မလိမ်မညာပဲ ချစ်နေတယ်လို့ ထင်တဲ့သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာမျိုး၊ နောက်ကွယ်မှာ တစ်ခုခု လုပ်နေတယ်လို့ ထင်ပေမယ့် တကယ်တမ်းကျတော့ ဘာမှမလုပ်တဲ့ အိမ်ထောင်ဖက် ဖြစ်နေတာမျိုးတွေပေါ့။ ဒီတော့ ကိုယ့်အမျိုးသားက ကိုယ့်ကို လိမ်ညာသလား၊ မလိမ်ညာဘူးလားဆိုတာ သိရအောင် ပထမဆုံး သူ့ကို သိအောင် သင်ကြိုးစားရပါလိမ့်မယ်။

သင်တို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ပွေ့ဖက်ဖက် မနေကြသလို တစ်နေ့မှာ တစ်ခါလောက်တောင် အတူထိုင်ပြီး အိမ်ထောင်ရေးအကြောင်း၊ သူ့အလုပ်၊ ကိုယ့်အလုပ်အကြောင်း၊ ကိုယ့်ရည်မှန်းချက်တွေ အကြောင်း ပြောဆိုတာမျိုးတွေ မရှိဘူးဆိုရင်တော့ သင်တို့အိမ်ထောင်ရေးဟာ စိုးရိမ်စရာပါပဲ။ နှစ်ဦးသားဆက်သွယ်ပြောဆိုနေခြင်းက တကယ်တော့ အရေးကြီးပါတယ်။ သင့်အမျိုးသားသင့်ကို လိမ်ညာ၊ မလိမ်ညာဆိုတာကလည်း သူ့အကြောင်း သင်သေချာသိပါမှ ဖြစ်ပါလိမ့်မယ်။ သင်ဟာ ရည်းစားဘ၀ကတည်းက သူ့အကြောင်းသိတယ်၊ အိမ်ထောင်သည်ဘ၀မှာလည်း သူ့အကြောင်းကို တော်တော်လေး သိပြီဆိုရင်တော့ ဒီအချက်လေးတွေနဲ့ သူကိုယ့်ကို လိမ်မလိမ် အတည်ပြုလိုက်ပါ။

၁။အတူနေတဲ့ပုံစံတွေ ပြောင်းလဲလာတယ်။

အိမ်ထောင်သည်တွေအတွက် အိမ်ထောင်ရေးသာယာစေတဲ့ အချက်တွေထဲမှာ နှစ်ဦးသားချစ်တင်းနှောတဲ့ကိစ္စရပ်ကလည်း အရေးပါပါတယ်။ နောက်ထပ် သူကိုယ့်ကို လိမ်ညာနေသလားဆိုတဲ့ အရာကို ဒီအချက်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ သူနဲ့ကိုယ် အတူနေတဲ့ အကြိမ်အရေအတွက်ကို ကြည့်ရမှာ မဟုတ်ပဲ အတူနေတဲ့ပုံစံ၊ နည်းလေးတွေ ပြောင်းလာသလားဆိုတာကို သတိထားမိပါစေ။ လိမ်ညာတတ်သူတွေဟာ သူတို့အမျိုးသမီးတွေနဲ့ အရင်ထက်တောင် အကြိမ်အရေအတွက်ပို အတူနေတာမျိုးတွေ ရှိပေမယ့် အတူနေတဲ့အခါ သူတို့ပြုမူလေ့ရှိတဲ့ အရာတွေကတော့ ပြောင်းလဲသွားပါတယ်။

၂။သူငယ်ချင်းတွေနဲ့ သွားနေကျနေရာမျိုးတွေ မသွားတော့ပဲ ပြောင်းသွားတတ်လာတယ်။

အရင်က သူငယ်ချင်းတွေနဲ့ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ကနေ နေ့စဉ်ရက်ဆက်ဖြစ်လာတာမျိုးက သံသယ၀င်စရာဆိုပေမယ့် အဲ့ဒီထက် သံသယ၀င်စရာပိုကောင်းတာက သူဟာ အရင်ကသွားတဲ့နေရာတွေ သူငယ်ချင်း အကြောင်းပြပြီးသွားတာ၊ လုပ်လေ့မရှိတာတွေ လုပ်လာတာတွေပါပဲ။

၃။တစ်နေရာရာကို သွားရင် အချိန်အကြာကြီး ယူတတ်လာတယ်။

ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုအတွက် အပြင်ထွက်တာနဲ့ တော်တော်လေး ကြာတဲ့အထိ ပြန်ပေါ်မလာတော့ဘူး။ တစ်ခါတစ်လေ အိမ်နားက ဈေးဝယ်စင်တာ တစ်ခုခု သွားရင်တောင် အချိန်အကြာကြီးယူတတ်လာတယ်။ ဒီလိုမျိုးဆိုရင် သင့်အနေနဲ့ သူပစ္စည်းဝယ်ရင်း ရလာတဲ့ လက်ခံစာရွက်ကို ကြည့်ပြီး အချိန်ဘယ်လောက်မှာ သူဈေးလာဝယ်တယ်ဆိုတာကို သိနိုင်ပါတယ်။

၎။ဖုန်းပြောတဲ့ပုံစံ အပြောင်းအလဲလေးတွေ ရှိလာတယ်။

သင့်အမျိုးသားဟာ သူ့ဖုန်းကို အထိမခံဖြစ်လာတယ်။ ဖုန်းကို vibrate ပဲ လုပ်ထားတတ်တယ်။ တစ်ချိန်လုံး လက်ကတကိုင်ကိုင် ဖြစ်နေတယ်ဆိုရင်တော့ ပြသနာရှိနေပါပြီ။ ဒါပေမယ့် ဒီပြသနာကို သူ့ဖုန်းယူပြီး ဘယ်သူတွေ ဖုန်းဆက်ထားတယ်။ သူပြန်ခေါ်ထားတယ် ဆိုတာမျိုး ကြည့်မယ့်အစား သူ့ဖုန်းဘေလ်ကို စစ်ကြည့်တာ ပိုကောင်းပါသေးတယ်။ သူ့ဖုန်းကိုတော့ အ၀င်ဖုန်း၊ အထွက်ဖုန်းတွေ ဖျက်ပစ်ထားတာမျိုး သူလုပ်ချင်လုပ်နိုင်တာကြောင့်လေ။

အရေးကြီးတဲ့ အချက်တစ်ချက်တော့ သူ ဖောက်ပြန်နေတာ၊ လိမ်ညာနေတာ သေချာရင်တောင် သင့်လက်ထဲမှာ ဘာအထောက်အထားမှ မရှိပဲ သွားစွပ်စွဲလို့မရတာကို သိထားပါ။ အားလုံးကို အထောက်အထားသေချာပြပြီး ပြောဆိုမှ သူမငြင်းနိုင် ဖြစ်သွားမှာပါ။ မဟုတ်ရင်တော့ သင်တို့အိမ်ထောင်ရေးပျက်စီးရုံကလွဲပြီး ထူးခြားတာဘာမှ မရှိလာနိုင်လို့ပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top