iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အဝလွန်ခြင်းဟာဆိုရင်တော့ မွေးဖွားလာမယ့် ကလေးငယ်ရဲ့ အော်တစ်ဇင်ရောဂါ(အထီးကျန်သည့်စိတ်ဝေဒနာရောဂါ) ဖြစ်နိုင်မှုနှုန်းထားကို
လေးဆလောက်မြင့်မားစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချိုရောဂါဖြစ်နေရင်လည်း ကလေးငယ်မှာ အော်တစ်ဇင်ရောဂါဖြစ်ပွားနိုင်မှု ရှိ / မရှိက တိုက်ရိုက်အချိုးကျနေတယ်လို့ Bloomberg ကျောင်းက လေ့လာသူတွေက ပြောပါတယ်။

“ ကျွန်တော်တို့ သိခဲ့တာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ အဝလွန်နေတာနဲ့ ဆီးချိုရောဂါလိုမျိုးတွေ ရှိနေတာဟာ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် မကောင်းစေဘူးဆိုတာကိုပါ။ အခုတော့ ကျွန်တော်တို့ ထပ်တွေ့ခဲ့ရတာကတော့ မိခင်ရဲ့ ဒီလိုရောဂါတွေဟာ ကလေးကို ကာလရှည်ကြာလာတဲ့အခါမှာတော့ အာရုံကြောဖွံ့ဖြိုးမှု နှေးကွေးစေတယ်ဆိုတာပါပဲ ” လို့ ဦးဆောင်လေ့လာသူ ဒေါက်တာ ရှောင်ဘင်ဝန်းက ပြောပါတယ်။

နောက်ဆုံးစစ်တမ်းတွေအရတော့ အော်တစ်ဇင်ရောဂါဖြစ်နေတဲ့ ကလေးငယ်တွေဟာဆိုရင်တော့ ၆၈ ယောက်မှာ တစ်ယောက်နှုန်းအထိမြှင့်တက်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်တုန်းကတော့ ကလေးငယ် ၁၅၀ လောက်မှာ တစ်ယောက်နှုန်းဖြစ်ခဲ့တာ ဖြစ်ပေမယ့်လည်း အခုကာလမှာတော့ နှစ်ဆကျော်အထိ ဖြစ်ပွားမှုနှုန်းတိုးတက်လာခဲ့တာပါ။ ပညာရှင်တွေကလည်း ဒီရောဂါကို ကုသနိုင်ဖို့ နည်းလမ်းကို အခုကာလအထိ ရေရေရာရာ မရှာဖွေနိုင်သေးပါဘူး။

ဒါ့ကြောင့် ဒေါက်တာဝန်းနဲ့ လေ့လာသူတွေဟာဆိုရင်တော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ မွေးဖွားခဲ့တဲ့ ကလေးငယ် ၂၇၃၄ ယောက်နဲ့ သူတို့ရဲ့ မိခင်တွေကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ သုတေသနကာလတစ်လျှောက်လုံးမှာတော့ မိခင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ကလေးငယ်တွေရဲ့ အာရုံကြော  ဖွံ့ဖြိုးမှုတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့တော့ ဆီးချိုရောဂါရှိတဲ့ မိခင်တွေနဲ့ အဝလွန်တဲ့မိခင်တွေရဲ့ ကလေးငယ်တွေဟာဆိုရင်တော့ ASD (အော်တစ်ဇင်အာရုံကြောချို့တဲ့မှုဖြစ်ပွားနိုင်နှုန်း) ပိုမိုမြင့်မားနေခဲ့တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
သူတို့ရဲ့ အခုလိုတွေ့ရှိမှုဟာဆိုရင်တော့ သန္ဓေသားလောင်းထဲမှာတည်းက အော်တစ်ဇင်ရောဂါက ဖြစ်ပွားနိုင်မှုရှိနေတယ်ဆိုတာကို သိရှိနိုင်ခဲ့ကြပါတယ်။

့အခုလိုတွေ့ရှိမှုတွေကြောင့် လေ့လာသူတွေဟာ ကလေးငယ်တွေ မိခင်ဝမ်းထဲမှာရှိစဉ်တည်းက ဒီရောဂါကို ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို ကြိုးစားပြီး ရှာဖွေသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top