iMyanmarHouse.com - Best Property Website for Myanmar
×

ပင်လယ်ကမ်းခြေဆိုတာဟာ စိတ်ရောကိုယ်ပါအပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုပါ။ ကမ်းခြေကိုသွားတဲ့အခါ အပန်းပြေရုံတင်မက ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်နိုင်တာလေးတွေလည်းရှိတဲ့အတွက် သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။

ကမ်းခြေသဲပြင်ပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်တာဟာကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူထုကျန်းမာရေးဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ သဲပြင်ပေါ်ခြေဗလာနဲ့ လမ်းလျှောက်တာဟာ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးကျန်းမာရေး၊ အရေပြားကျန်းမာရေးအတွက်  အထောက်အကူပေးသလို ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ထုတ်လုပ်မှုကိုလည်း သင့်တင့်မျှတ အောင် လုပ်ဆောင်ပေးပါတယ်။

စိတ်ဖိစီးမှုတွေကို လျှော့ချပေးသလို ကိုယ်ခံစွမ်းအားလည်း ကောင်းစေကာ အထူးသဖြင့် သွေးကြောထုံးတဲ့ အမျိုးသမီးတွေဆို ရင် ကမ်းခြေသဲပေါ်မှာ လမ်း လျှောက်ပေးခြင်းဖြင့်ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်လို့ သိရပါတယ်။

နောက်ပြီး ပင်လယ်ကမ်းစပ် ရေထဲမှာ လမ်းလျှောက်တာကလည်း ခြေထောက်တွေနဲ့ တင်ပါးဆုံကို အနားပေးသလိုဖြစ်စေပြီး အားပြည့်လာအောင်လည်း ထောက်ကူပါတယ်။အေးမြနေတဲ့ကမ်းခြေသဲလေးတွေက ခြေဖ၀ါးတွေကို နှိပ်နယ်ပေးသလိုဖြစ်စေတာကြောင့် ခြေထောက်သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နောက်ပြီး ခြေဖ၀ါးနဲ့ သဲနဲ့ပွတ် တိုက်ပစ်သလို ဖြစ်စေတာကြောင့် နူးညံ့ချောမွေ့တဲ့ ခြေဖ၀ါးလေးလည်း ဖြစ်စေပါတယ်။

ပင်လယ်ရေမှာ အိုင်အိုဒင်း၊ ဆိုဒီယမ်သတ္တုဓာတ်တွေပါတာမို့ အရေပြားကျန်းမာရေးကောင်းစေကာ အိုမင်းရင့်ရော်မှုတွေကိုလည်း လျော့ကျစေတယ်လို့ ဆို ပါတယ်။ ဒီတော့ကမ်းခြေမှာ လမ်းလျှောက်ကြမယ်ဆိုရင်ဖြင့် အပူဒဏ်ကာကွယ်မယ့် ဦးထုပ်၊ ရေဘူးတို့ ယူသွားဖို့ လိုသလို နေရောင်ဒဏ်ခံလိမ်းဆေးလိမ်းသွားဖို့လည်း မမေ့ဖို့လိုပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top