iMyanmarHouse.com - Best Property Website for Myanmar
×

၁။ စကားပြောတိုင်း ကိုယ့်အကြောင်းပဲ များများပြောတတ်တယ်

တခြားသူရဲ့ ကိစ္စပြောနေရင်းနဲ့တောင် ပြောနေတဲ့စကားက ကိုယ့်အကြောင်းဘက်ပဲ လှည့်သွားတတ်ပါတယ်။

၂။ တခြားသူတွေကို မရှိသလို လိုတာထက်ပိုပြီး ဥပေက္ခာပြုထားတယ်

လူတိုင်းမှာ ရိုသေသမှုဆိုတာ ရှိပါတယ်။ သူတို့ကတော့ ရိုင်းရိုင်းပျပျမလုပ်ရင်တောင် ဘေးလူတွေကို ဂရုစိုက်ရကောင်းမှန်းမသိပါဘူး။

၃။ အမြဲ ခေါင်းဆောင်လုပ်ချင်တယ်

ဘယ်လိုကိစ္စမျိုးကိုမဆို သူတို့ကပဲ ဦးစီးဦးဆောင် အကောင်အထည်ဖော် ပြောဆိုလုပ်ကိုင်ချင်တယ်။

၎။ တခြားလူတွေ စိတ်မ၀င်စားလောက်တဲ့အထိ စကားတွေကို လိုတာထက်ပိုပြောတယ်

စကားကောင်းကောင်းပြောတတ်သူဟာ ကိုယ်ကချည်းပဲမပြောပါဘူး။ အပြန်အလှန်ပြောဆိုတဲ့ ပုံစံကျင့်သုံးပါတယ်။ သူတို့ကတော့ အဲဒီလိုမလုပ်ပါဘူး။

၅။ နားလည်မပေးဘူး

ဘယ်ကိစ္စကိုမှ နားလည်ပေးဖို့မကြိုးစားသလို တခြားသူတွေကို ရှိတယ်လို့တောင် မထင်ပါဘူး။

၆။ တခြားလူတစ်ယောက် တစ်ခုခုပြောချင်ရင်တောင် အခွင့်အရေးမပေးဘူး

ကိုယ် တော်ကြောင်း တတ်ကြောင်းပြချင်တဲ့စိတ် များနေတဲ့အတွက် တခြားလူတစ်ယောက် တော်တာကို လူသိမှာ မလိုလားဘူး။ တခြားလူတစ်ယောက် ကိုယ့်ထက်ပိုသိလို့ တတ်လို့ ပြောတာကို အပြောမခံဘဲ ပိတ်ပင်တတ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top