iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အချစ်ရေးကြောင့် သူငယ်ချင်းတွေကို စွန့်လွှတ်တာမျိုးမလုပ်ပါဘူး။ ချစ်သူရည်းစားရသွားတဲ့အခါ တစ်ချို့အမျိုးသမီးတွေဟာ သူငယ်ချင်းတွေနဲ့ဆက်ဆံရေးကို အလေးမထားတတ်တော့ကြပါဘူး။

၂ - ရည်းစားရလက်ထပ်တဲ့အခါ ငွေကြေးအရလွပ်လပ်မှုကို စွန့်လွှတ်လိုက်တတ်ကြပါတယ်။ တစ်ဖက်လူက ဘယ်လောက်ပဲငွေရှာကောင်းပါစေ ကိုယ်ကိုယ်တိုင်ငွေရှာနိုင်တဲ့ အရည်အချင်းကို ဘယ်တော့မှမစွန့်လွှတ်ပါနဲ့။ ဒါကို စွန့်လွှတ်လိုက်ရင် သင့်ရဲ့လွပ်လပ်မှုကိုပါ စွန့်လွတ်သလိုဖြစ်သွားပါလိမ့်မယ်။

၃- လက်တွဲဖော်ရဲ့ အားနည်းချက်တွေကိုပဲ အာရုံစိုက်မနေဘူး။

၎ - အချစ်ရေးကြောင့် ကိုယ့်အိမ်မက်တွေကို မစွန့်လွှတ်ဘူး။

၅ - အချစ်ရေးကြောင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို မစွန့်လွှတ်ဘူး။

၆ - ချစ်တယ်ဆိုတဲ့ကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားဘူး။

၇ - ရင့်ကျက်တဲ့မိန်းမတွေဟာ သူတို့ရဲ့လူနဲ့ အမြဲတမ်းအဆက်အသွယ်ရနေရမယ်လို့ မတွေးဘူး။ သူ့ဘဝမှာလည်း သူဟာနဲ့သူ အလုပ်ရှုပ်နေတာတွေရှိနေမယ်ဆိုတာကို နားလည်တယ်။

၈ - ဆုံးဖြတ်ချက်ချစရာရှိတဲ့အခါ သူတို့လူကိုပဲ အမြဲတမ်းလုပ်ခိုင်းတာမျိုး မရှိဘူး။

၉ - နှစ်ယောက်သားဆက်ဆံရေးကို လူတိုင်းသိအောင် လိုက်ပြောတာမျိုး၊ ကြေညာတာမျိုး ခဏခဏမလုပ်ဘူး။

၁၀ - ကိုယ်ပိုင်အချိန်တွေကို မစွန့်လွှတ်ဘူး။ ဆက်ဆံရေးက ဘယ်လောက်ပဲကောင်းပါစေ တစ်ယောက်တည်းနေတဲ့အချိန်တွေလည်းရှိတယ်။

၁၁ - သူတို့လူရဲ့ အောင်မြင်မှုကို မကျေမချမ်းမဖြစ်ဘူး။ မသိမ်ငယ်ဘူး။

၁၂ - အချစ်ရေးကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို မစွန့်လွှတ်ဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top