iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကိုယ့်ကိုယ်ပဲ အာရုံစိုက်နေတယ်။ ကိုယ့်အကြောင်းပဲ ကိုယ်ပြောချင်နေပြီး ဘေးကလူတွေကို ဂရုမစိုက်ဘူး။

၂ - အပြင်ဘက်အလှကိုပဲ အာရုံစိုက်နေပြီး အတွင်းစိတ်ကိုတော့ မမြင်ဘူး။

၃ - လူတိုင်းထက်သာချင်ပြီး အမြဲလိုက်ပြိုင်နေတယ်။

၎ - သူငယ်ချင်းတွေကိုလည်း ပြိုင်ဘက်လိုမြင်တတ်တယ်။

၅ - အရေးပါတဲ့လူဖြစ်ရဲ့သားနဲ့ အခြားလူတွေက သင့်ကိုအရေးပါတဲ့လူအဖြစ် မမြင်ကြဘူးလို့ ထင်နေတတ်တယ်။

၆ - ကိုယ့်ကိုယ်ကိုယ်ဆရာကြီး အမြဲထင်နေတယ်။ အုပ်စုလိုက်သွားကြတဲ့အခါမျိုးမှာ သင်ကပဲ ဆုံးဖြတ်ချက်တွေချပြီး သင့်ဆုံးဖြတ်ချက်ကို လူတိုင်းကလိုက်နာရမယ်ဆိုတာမျိုးပါ။ ကန့်ကွက်ရင်လည်း မကျေမနပ်ဖြစ်နေတာမျိုးပါ။

၇ - တစ်ဖက်သားကို အမြဲတမ်းထေ့ငေါ့တတ်တယ်။

၈ - အားကိုးလို့လည်းမရဘူး။ အကူအညီလိုလို့ခေါ်တဲ့အခါ မအားဘူး။ စကားပြောချင်လို့ ဖုန်းဆက်တဲ့အခါ မကိုင်ဘူး။

၉ - အမြဲတမ်း အဆိုးမြင်နေတယ်။ တစ်ခုခုလုပ်မယ်ဆို အပျက်စကားကို စပြောတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top