iMyanmarHouse.com - Best Property Website for Myanmar
×

ရှေးရိုးစွဲ အမြင်တွေအရ အနက်ရောင်ကို အကောင်းဆုံး အရောင်တစ်ခုအဖြစ် ဘယ်သူကမှ မယူဆခဲ့ကြပါဘူး။ ဒီနေ့ခေတ်မှာတော့ အနက်ရောင် ဝတ်ဆင်ထားသူတွေဟာ သူတစ်ဖက်သားကို ဆွဲဆောင်နိုင်ရုံမက ဥာဏ်ရည်မြင့်မားပြီး မိမိ ကိုယ်ကိုယုံကြည်ချက် အပြည့်ရှိကြောင်းကို ပြသနေခြင်းဖြစ်တယ်လို့ ယူဆလာကြပါတယ်။

လူ ၁၀၀၀ ကျော်ကို အရောင်တွေကပြတဲ့ အရည်အသွေးသတ်မှတ်ချက်တွေကို မေးမြန်းကြည့်တဲ့အခါမှာ အနက်ရောင် ကို မကောင်းတဲ့ အရည်အသွေးရှိတယ်လို့ မမြင်ရုံမက အရည်အသွေးကောင်းတွေ ရှိတယ်လို့ အများစုက မြင်ကြပါတယ်။

၆၆%သော အမျိုးသမီးတွေက အနက်ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသားတွေက ဆွဲဆောင်မှု အရှိဆုံးလို့ ထင်ကြပါတယ်။ အလားတူပဲ ၄၆% (တခြားအရောင်တွေနဲ့ ယှဉ်ရင် အများဆုံး ရာခိုင်နှုန်း)သော အမျိုးသားတွေက အနက်ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသမီး တွေကို ပိုပြီး နှစ်သက်တယ်လို့ ဆိုပါတယ်။

အနီရောင်က ယုံကြည်မှုအရှိဆုံး အရောင်အဖြစ် အနက်ရောင်ပြီးရင် ဒုတိယလိုက်ပေမဲ့ အနီရောင်မှာ ထောင်လွှားမောက်မာတဲ့ အရည်အသွေးတစ်မျိုး ပါဝင်နေတယ်လို့ ထင်ကြပါတယ်။ ထက်မြက်မှုရှိခြင်းနဲ့ ဆက်စပ်နေတယ်လို့ အနည်းဆုံးယူဆကြတဲ့ အရောင်တွေကတော့ အဝါ၊လိမ္မော်နဲ့ ပန်းရောင်တို့ပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top