iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတို့ လိုသလို အသုံးပြုတိုင်း ကောင်းကျိုးပေးတဲ့အထဲမှာ နနွင်းလည်း ပါပါတယ်။ အဝင်ဆိုး၊ အနံ့ဆိုးပေမဲ့ နနွင်းဟာ နောက်ဆုံး ဆေးပညာဆိုင်ရာ စမ်းသပ် တွေ့ရှိမှု မှတ်တမ်းအရ သန့် စင်ထားတဲ့ နနွင်း အမှုန့် (သို့ ) အရည်ဟာ ကင်ဆာ ရောဂါ နဲ့ အမျိုးသမီးတို့ ကျန်းမာရေးကို အလွန် အထောက်အကူ ပြုပါတယ်။ အမျိုးသမီးတို့ရဲ့….

- သားအိမ်နှင့်မျိုးပွား အင်္ဂါဆိုင်ရာ ကင်ဆာများကို ကာကွယ်နိုင်ခြင်း
- အစာအိမ်တွင်းကင်ဆာပိုးများ ဆဲလ်နဲ့ အမြစ်များကို ပွားမလာစေခြင်း
- နှလုံးရောဂါ ကာကွယ်ခြင်း
- ဦးနှောက်တွင်းဖြစ်တတ်တဲ့ သွေးကြောရောင်ဝေဒနာ၊ မေ့လွန်းခြင်း၊
- စိတ်ကျရောဂါများကို ကာကွယ်နိုင်ခြင်း
- ရောဂါကြီး၊ ရောဂါလွန်၊ရောဂါဆုံးများအား ကုသရာ အသုံးများခြင်း
- အသား၊ငါးများကို အနံနဲ့ ကြာရှည်ခံ သိမ်းထားနိုင်ရန် ဆားဖြင့် တွဲဖက် အသုံးပြုနိုင်ခြင်း စတဲ့ ကောင်းကျိုးတွေနဲ့ ပြည့်နှံ့နေပါတယ်။

နနွင်းဟာ (၉၆)ပါး ရောဂါကို သက်သာပျောက်ကင်းစေနိုင်တဲ့ အရောင်ကျစေနိုင်တဲ့ သတ္တိ၊ နှလုံးသွေးကြော ကျဉ်းသူများ နှလုံးသွေးကြော ပိတ်ပြီး ရုတ်တရက် သေဆုံးမှုကို ကာကွယ်နိုင်တဲ့ သတ္တိ၊ ရောဂါပိုးမွှားများကို ကာကွယ်တွန်းလှန်နိုင်တဲ့ သတ္တိ၊ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ သတ္တိ၊ ဗက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများကို ကာကွယ် နှိမ်နင်းနိုင်တဲ့ သတ္တိ၊ ဆီးချို၊ သွေးချိုရောဂါကို ထိန်းညှိပေးနိုင်တဲ့ သတ္တိ နဲ့ ဆီး ကျိတ်ရောဂါကို ကာကွယ် ပေးနိုင်တဲ့ သတ္တိလည်း ပါဝင်နေတာကြောင့် အမျိုးသမီးတို့ရဲ့ အသုံးချခံ ပစ္စည်းထဲမှာ နနွင်းလည်း ပါဝင်နေခဲ့ပါတယ်။

Credit : Lily (Yangonlife)

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top