iMyanmarHouse.com - Best Property Website for Myanmar
×

ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ပစ်ဘာ့ဂ် တက္ကသိုလ်နှစ်ခု၏ သုတေသနပြုချက်အရ တင်ပါးအရွယ်အစားသည် ဥာဏ်ရည်ဥာဏ်သွေးနှင့် ဆက်စက်နေကြောင်းတွေ့ရှိခဲ့ရသည်။ အမျိုးသမီး ၁၆,၀၀၀ ကျော်ကို လေ့လာဆန်းစစ်ရာတွင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော အမျိုးသမီးများသည် ပိန်ပါးသော အမျိုးသမီးများထက် ဥာဏစစ်ဆေးမှုများ၌ ပိုမို ထူးချွန်ကြသည်ကို တွေ့ရှိခဲ့သည်။

တင်ပါးနှင့် ပေါင်တွင် ဦးနှောက်စွမ်းရည် နှင့် ကျန်းမာရေးကောင်းခြင်းကို တိုးတက်စေနိုင်သော  အိုမီဂါ -၃ အဆီပါဝင်သည်။ သို့သော် ၀မ်းဗိုက်ပိုင်းတွင်ပါဝင်သော အဆီမှာ အိုမီဂါ -၆ အဆီဖြစ်၍ ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ် အလေးချိန်တိုးစေသည်။ သစ်တော်သီးပုံစံနှင့် သဲနာရီပုံစံရှိသော ခန္ဓာကိုယ်ပိုင်ရှင်များသည် အိုမီဂါ -၃ ဓာတ်ပိုမိုများပြား၍ ၄င်းတို့၏ ဦးနှောက်နှင့် ဥာဏ်ရည်ဥာဏ်သွေးမှာ ပိုမိုထက်မြက်စေသည် ဟုဆိုသည်။

တင်ပါးပိုမို ကြီးမားသော မိန်းကလေးများမှာ ပိုမိုကျန်းမာသော ကလေးများမွေးဖွားနိုင်သည်။ ဤ ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များမှာ သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေ၍ ယင်းအဆီဓာတ်များလေ ပို၍ကျန်းမာလေဖြစ်သည်။

အောက်စဖို့ဒ် တက္ကသိုလ်၏ လေ့လာချက်အရ မိခင်နို့ရည်တွင်ပါဝင်သော အဆီမှာ မိခင်၏ခန္ဓာကိုယ် အောက်ပိုင်းဖြစ်သော  ပေါင်နှင့် တင်ပါးမှလာ၍ အိုမီဂါ -၃ အဆီများပြားခြင်းကြောင့် အဟာရ အလွန်ပြည့်ဝသော မိခင်နို့ရည်ရရှိစေသည်ဟုဆိုသည်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top