iMyanmarHouse.com - Best Property Website for Myanmar
×

ပါးစပ်ဖွင်ပြီးအိပ်တာဟာ သွားတွေကိုထိခိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ပါးစပ်ဖွင့်ပြီး အိပ်ခြင်းဟာ အိပ်ရာမဝင်မီ အချိုရည်တွေ သောက်သလို သွားကိုထိခိုက်စေတယ်လို့ သိရပါတယ်။

ပါးစပ်ဖွင့်ပြီး အိပ်ခြင်းဟာ ခံတွင်းထဲမှာရှိတဲ့ သွားရေတွေကို ခြောက်သွားစေတာဖြစ်ပြီး အဆိုပါသွားရည်တွေဟာ ပါးစပ်တွင်းက အက်ဆစ်တွေကိုထုတ်လုပ်တဲ့ ပိုးမွှားတွေကို သတ်ပေးနိုင်ပါတယ်။

ညနက်လာတဲ့အခါမှာ အက်ဆစ်တွေဟာ များပြားလာတာကြောင့် သွားကိုတိုက်စားပြီး ယိုယွင်းမှုတွေဖြစ်ပေါ်လာစေပါတယ်။ ပါးစပ်ဖွင့်ပြီးအိပ်တဲ့လူတွေဟာ မဖွင့်ဘဲအိပ်တဲ့လူတွေထက် သွားယိုယွင်းမှုနှုန်းပိုများပြီး သွားရဲ့နောက်ဘက်ပိုင်းက ယိုယွင်းမှုပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ပါးစပ်ရဲ့နောက်ဘက်ပိုင်းက ရှေ့ဘက်ပိုင်းထက် သွားရေပိုခြောက်တာကြောင့် ဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top