iMyanmarHouse.com - Best Property Website for Myanmar
×

မျိုးမအောင်ခြင်းဆိုတာ အတားအဆီးမသုံးဘဲ အနည်းဆုံး ၆ လကြာ ပုံမှန်လိင်ဆက်ဆံပြီးနောက်ပိုင်းမှာတောင် သန္ဓေမတည်နိုင်တဲ့ ရောဂါတစ်ရပ်ကို ဆိုလိုတာပါ။ အများအားဖြင့် မျိုးမအောင်ခြင်းက သန္ဓေတည်ဖို့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ချို့တဲ့နေမှုလို့လည်း ဆိုနိုင်ပါတယ်။ သို့မဟုတ် အချိန်စေ့ချိန်အထိ ကိုယ်ဝန်မလွယ်နိုင်တဲ့ အမျိုးသမီး တစ်ဦးကိုလည်း ရည်ညွန်းပါတယ်။ မျိုးမအောင်ခြင်းနောက်ကွယ်မှာ အကြောင်းရင်း တချို့ရှိပါတယ်။ သို့ပေမယ့် လက်ရှိ လူနေမှုဘဝပုံစံကို ကြည့်ရင် စိတ်ဖိစီးမှုနဲ့ အထိုင်များသော လူနေမှုဘဝပုံစံတို့က ဒီပြသနာကို ဖြစ်စေတဲ့ အဓိကအချက်များအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

၁။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုက အထူးသဖြင့် အမျိုးသမီးတွေမှာ မျိုးမအောင်ခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ရပ် ဖြစ်နေပါတယ်။ Emory University ကနေပြုလုပ်တဲ့ သုတေသနတစ်ခုက အသက် ၂၀ -၃၀ ကြားအရွယ် အမျိုးသမီး ၁၆ ယောက်ကို စူးစမ်းလေ့လာခဲ့ပါတယ်။ သုတေသန အဆုံးသတ်ချိန်အထိ ၆ လအတွင်း သာမန်အလေးချိန်ရှိသူတွေ ဖြစ်ကြပါတယ်။

ဒီအမျိုးသမီးအယောက်ချင်းစီဟာ သူတို့ကိုယ်ခန္ဓာကိုယ်အတွင်းရှိ စိတ်ဖိစီးမှုဟော်မုန်း cortisol ပမာဏမြင့်မားမှုကြောင့် စမ်းသပ်ကာလအတွင်း ၆ လကြာ ရာသီမလာကြတာ တွေ့ရှိခဲ့ပါတယ်။ ဒီအမျိုးသမီးတစ်ဦးစီမှာ မအားမလပ်အောင် အလုပ်များနေကြသူတွေဖြစ်ပါတယ်။

ဒါက စိတ်ဖိစီးမှုများသော အလုပ်အကိုင်နဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုကြောင့် မျိုးမအောင်မှုပြသနာ ကြုံတွေ့နိုင်ခြေပိုများကြောင်း ညွန်ပြခဲ့ပါတယ်။တကယ်တော့ လက်တွဲဖော်နှစ်ယောက်စလုံးဟာ စိတ်ဖိစီးမှုကာလ ကျော်ဖြတ်နေတဲ့အခါ သန္ဓေမတည်နိုင် ဖြစ်ကြပါတယ်။ သို့သော် ရာသီဓမ္မတာကာလအတွင်း ပျော်ရွှင်မှုရနေတဲ့အခါ ကလေးရနိုင်ခြေ ချက်ချင်း မြင့်တက်ခဲ့ပါတယ်။

၂။ အထိုင်များတဲ့ လူနေမှုဘဝပုံစံ
အမျိုးသားများထက် အမျိုးသမီးများအတွက် အန္တရာယ် ပိုများပါတယ်။ အမျိုးသမီးများကြား ဆယ်ကျော်သက်အတွင်း အထိုင်များတဲ့ လူနေမှုပုံစံက ဟော်မုန်းမညီမျှမှုနဲ့ သားအိမ်အတွင်း အကျိတ်သေးသေးလေးတွေဖြစ်ပွားတဲ့ အခြေအနေ polycystic ovarian disorder PCOD ဝေဒနာရှင်တွေမှာ ပိုအတွေ့များတဲ့ anovulatory cycles ဖြစ်ပွားစေပါတယ်။ မျိုးမအောင်မှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

အမျိုးသားများအနေနဲ့ အထိုင်များတဲ့ လူနေမှုဘဝပုံစံရှိသူတွေဟာ ယျေဘုယျအားဖြင့် သတ်မှတ်လေးချိန်ကျော်လွန်ခြင်း သို့မဟုတ် အဝလွန်မှု ဖြစ်ပွားလေ့ရှိကာ သုတ်ရည်လျော့နည်းစေနိုင်ပါတယ်။ ဒီအချက်က အပြန်အလှန်အနေဖြင့် စုံတွဲတွေရဲ့ ကိုယ်ဝန်ရရှိနိုင်ခြေ သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top