iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ပလတ်စတစ်ဘီးများသုံးခြင်း

ပလတ်စတစ်ဘီးတွေက သင့်ဦးရေပြားနဲ့ သင့်ဆံပင်ကို ထိခိုက်စေပါတယ်။

၂ - Conditioner မသုံးခြင်း
 ခေါင်းလျှော်လိုက်တာကြောင့် ဆံပင်နဲ့ဦးရေပြားအတွင်းက ပျောက်ကွယ်သွားတဲ့ သဘာဝအဆီတွေကို Conditioner က ပြန်လည်အားဖြည့်တာဖြစ်ပါတယ်။

၃ - အလွန်ပြင်ဆင်ခြင်း
ကျစ်ဆံမြီးအမြဲကျစ်တာတွေ၊ ဆံပင်ကို အမျိုးမျိုးပြင်ဆင်တာတွေက ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက်မဖြစ်ပေမဲ့ ဆံသားကျိုးတာတွေ၊ ဆံလုံးသားသေးသွားတာတွေဖြစ်စေပါတယ်။

၎ - စိုနေတဲ့အချိန်မှာ ဖြီးခြင်း
ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ထိလွယ်ရှလွယ်ဆုံးဖြစ်တာကြောင့် ရေစိုကြီးနဲ့ဖြီးတာဟာ လုံးဝမလုပ်သင့်ပါဘူး။ အကောင်းဆုံးနည်းကတော့ ရေမချိုးခင်ကတည်းက ဖြီးထားပါ။ ခြောက်အောင်သုတ်တဲ့နေရာမှာလည်း တအားကြီးကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့။

၅ - ရေနွေးနဲ့ချိုးခြင်း

ရေနွေးနဲ့ချိုးတဲ့အခါ ခေါင်းက ဆံပင်ကိုမထိပါစေနဲ့။ ဆံပင်ရေဓာတ်ခန်းခြောက်စေပြီး ပိုမိုကျိုးလွယ်တဲ့ ကြမ်းထော်တဲ့ဆံပင်တွေဖြစ်စေပါတယ်။

၆ - ဆံပင်ခြောက်စက်
ဆံပင်ခြောက်စက်နဲ့ တအားအခြောက်မခံပါနဲ့။ အပူချိန်ကိုလျော့ထားပါ။

၇ - နေရောင်ခြည်

နေရောင်ခြည်နဲ့ တအားအထိတွေ့မခံပါနဲ့။ နေရောင်ခြည်ဟာ ဆံပင်ရဲ့မွှေးညင်းပေါက်လေးကစပြီး အဖျားထိ ပျက်စီးစေနိုင်ပါတယ်။

၈ - ဖြည့်စွက်ပစ္စည်း

ခေါင်းလိမ်းဆီတွေ၊ ဂျယ်လ်တွေ၊ ဗီတာမင်သုံးတာတွေ အလွန်အကျွံမလုပ်ပါနဲ့။

၉ - ရောဂါ
စွဲတာ၊ရောဂါဖြစ်တာတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒါက ဆရာဝန်နဲ့စောစောစီးစီးပြပြီး ကုလို့ရပါတယ်။

၁၀ - အစာအဟာရ

အစာအဟာရပြည့်ပြည့်ဝဝမစားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရွက်နဲ့ ဥတွေ များများစားစားပါ။

၁၁ - ဆေးဝါး

ဆေးဝါးတွေအသောက်များရင်လည်း ဆံပင်တွေကျွတ်နိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top