iMyanmarHouse.com - Best Property Website for Myanmar
×

တစ်နေ့တာလုံး အလုပ်စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေအဖို့ ပုံစံတကျ ထိုင်ဖို့လိုပါတယ်။တစ်နေ့တာလုံး ပုံစံတကျထိုင်နိုင်ဖို့ဆိုတာကတော့ မလွယ်ကူပါဘူး။ နေ့လည် ၃ နာရီနောက်ပိုင်းလောက်ဆိုရင် ခြေဆန့်ပြီး ခါးကို လျှောပြီးထိုင်ချင်လာပါတယ်။ ဟားဗတ်ဆေးကျောင်းရဲ့ အဆိုအရ လူတစ်ယောက်ရဲ့ ထိုင်ပုံထိုင်နည်းက ကျန်းမာရေးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ပုံစံမမှန်တဲ့ ကြွက်သားတွေက အဆစ်တွေကို နေရာလွဲစေနိုင်ပါတယ်။ ကြွက်သားရဲ့ အင်အားက ခန္ဓာကိုယ်ဟန်ချက်ကို နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းသိမ်းပေးပါတယ်။ ကျော၊နံရိုး၊ဆီးခုံရိုးနဲ့ တင်ပါးတို့က ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆက်သွယ်ပေးထားတဲ့ ဗဟိုချက်ဖြစ်ပါတယ်။

ပုံစံတကျ ထိုင်နည်းကတော့ ခေါင်းကို မတ်မတ်ထာသလို ကျောရိုးမကြီးကိုလည်း မတ်မတ်ထားပြီး လက်ကောက်ဝတ်က ဖြောင့်တန်းနေရပါမယ်။တံတောင်ဆစ်က ၉၀ ဒီဂရီ ကွေးထားပြီး မျက်လုံးက မော်နီတာရဲ့ အပေါ်ဘက် သုံးပုံတစ်ပုံနေရာမှာ ရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်က ရှေ့နဲ့ နောက်မျှနေဖို့ လိုပါတယ်။ ရှေ့ကို အရမ်းကိုင်းနေတာမျိုး ၊နောက်ကို လန်နေတာမျိုး မဖြစ်သင့်ပါဘူး၊ ဒါမှ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းကို ညီတူညီမျှ ဖိအားသက်ရောက်မှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top