iMyanmarHouse.com - Best Property Website for Myanmar
×

အင်္ဂလန်နိုင်ငံ Brunel တက္ကသိုလ် စိတ်ပညာဌာနက ပုံမှန်ထက်ပိုကြည့်ကောင်းတဲ့သူတွေက ရုပ်ရည်ချောမောတာကို အခွင့်အရေးယူပြီး သူတစ်ပါးကို တန်းတူရည်တူ မဆက်ဆံဘဲ လူမှုရေးလုပ်ငန်းလုပ်လိုစိတ်လည်း နည်းပါးတယ်ဆိုတဲ့ သီအိုရီအသစ်ကို ဖော်ထုတ်နိုင်ဖို့ အမျိုးသား အမျိုးသမီး ၁၂၅ ယောက်ကို သုတေသနပြုခဲ့ကြပါတယ်။

ပါဝင်တဲ့သူတွေကို 3D ပုံရိပ်ဖမ်းစက်နဲ့ ဖမ်းယူပြီး ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတယ်လို့ အများလက်ခံထားကြတဲ့ အတိုင်းအတာတွေဖြစ်တဲ့ ခန္ဓာကိုယ် သွယ်လျမှု ၊အမျိုးသားအတွက် ရင်အုပ် နဲ့ ခါးအချိုး၊အမျိုးသမီးများအတွက် ခါးနဲ့ တင်ပါး အချိုး စတာတွေနဲ့ ဆွဲဆောင်မှု အဆင့်သတ်မှတ်ပြီး အုပ်စု နှစ်စုခွဲခဲ့ကြပါတယ်။

ပထမအုပ်စုက ဆွဲဆောင်မှု အဆင့် ၁၂၅ အထက် ရှိပြီး ဒုတိယအုပ်စုကတော့ ၄င်းအောက်ဖြစ်ပါတယ်။ သူတို့ကို လက်တွေ့ဘ၀မှာ လူတွေအပေါ် တန်းတူရည်တူဆက်ဆံနိုင်မှု၊ စေတနာကောင်းရက်ရောမှု နဲ့ တကိုယ်ကောင်းဆန်မှုတွေကို ဆန်းစစ်ခဲ့ပါတယ်။ ပုံရိပ်ဖမ်းစက်နဲ့ မဖတ်ခင်မှာ သူတို့ရဲ့ စိတ်နေစိတ်ထားကို သိနိုင်ဖို့အတွက် တကိုယ်ကောင်းဆန်မှု၊ တန်းတူစိတ်ထားရှိမှု ၊လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်မှုတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုကို နည်းစနစ် အမျိုးမျိုးသုံးပြီး ကောက်ယူခဲ့ပါတယ်။ စစ်တမ်းကောက်မှုရဲ့ တစိတ်တပိုင်းအဖြစ် သူတို့ကိုမေတ္တာလက်ဆောင်အဖြစ်ပေးထားတဲ့ ပိုက်ဆံကို သူများတွေကို  ပေးပစ်ဖို့ပြောတဲ့အခါ ပြန်ရလာတဲ့သူတို့ရဲ့ တုံ့ပြန်မှုကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။

အဲ့ဒီအခါမှာ ချောမောတဲ့သူတွေက သူတို့ရဲ့ရည်မှန်းချက် ပြည့်ဝဖို့သာ အလေးထားပြီး ပေးကမ်းဖို့ကို အနည်းငယ်တွန့်ဆုတ်တာ တွေ့ရှိခဲ့ပါတယ်။ ဒုတိယ အုပ်စုဖြစ်တဲ့ သာမန်ရုပ်ရည်ပိုင်ရှင်တွေက လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လိုစိတ်ရှိပြီး မျှဝေခံစားလိုစိတ် ရှိကြတာကို တွေ့ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီစမ်းသပ်မှုအဖြေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုဆိုတာ လူတစ်စုကို ဆန်းစစ်တာ ဖြစ်တဲ့အတွက် အားလုံးကို သိမ်းကျုံးပြီးဆိုလိုတာ မဟုတ်ဘဲ အများစုဖြစ်တတ်တဲ့ သဘာဝကို ထင်ဟပ်ပြရုံပဲဖြစ်ပါတယ်လို့ Dr.Price ကဆိုထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top