iMyanmarHouse.com - Best Property Website for Myanmar
×

၁) ကြက်ဥ တစ်လုံး ကျကွဲပြီး ကြမ်းပြင်ပေါ် မှာ ကြက်ဥ အနှစ်တစ်ခုလုံး ကျနေ တယ်ဆိုရင် ဖိတ်ကျနေ တဲ့ ကြက်ဥ အနှစ်ပေါ် ကို ဆားနှံ့အောင်ဖြူးပေးပါ… ပြီးရင် ခဏစောင့်ပါ….
နည်းနည်းကြာရင် ပေခြင်းပွခြင်း မရှိဘဲကြက်ဥအနှစ်တွေကို အမှိုက်ဂေါ် နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်….

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင် မှာ ဆားရည်ထဲ စိမ်ထားပါ… အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်…

၃) ပန်းကန်စင် ၊စာအုပ်စင် စတဲ့စင်တွေပေါ် မှာ ပုရွက်ဆိတ်တွေ တက်နေရင် ဆားဖြူးပေးလိုက်ပါ… ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်….

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲ စိမ်ထားပါ… ကြေးခွံတွေ အ လွယ်တကူ ချွတ်နိုင်ပါ လိမ့်မယ်…

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေ အလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်း ငယ်ရောနှောထည့် ထားပါ…

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင် ပါတယ်…

၇) ကြက်ဥတွေကောင်းမကောင်း စမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ ခွက်ထဲ စိမ်ကြည့်ပါ…. ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့ တဲ့ကြက်ဥက ပေါလောပေါ်နေပါလိမ့်မယ်…

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်း ခပ်လိုက်ပါ… ကွဲနေတဲ့ကြက်ဥတွေ က သူ့အခွံထဲ မှာပဲရှိနေပါလိမ့်မယ်….

၉) ရှုံ့တွနေတဲ့ ပန်းသီးတွေကို ဆား အတော်အသင့် ခတ်ထားတဲ့ရေထဲ စိမ်ထား လိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်…

၁၀) မုန့် လုပ်တဲ့ဒယ်ပြား ကို ဆားနဲ့ ပွတ်ပေးထားရင် မုန့်တွေ မကပ်တော့ပါဘူး….

၁၁) သွားတိုက်တံကို မသုံးခင် ဆားရည်ထဲ စိမ်ထားခြင်းဖြင့် သက်တမ်း ပိုကြာကြာ အသုံးပြုနိုင်ပါတယ်…

၁၂) ကော်ဖီအိုးကို အရောင်ချွတ်တဲ့ အခါဆားနဲ့ ပွတ်ပြီးချွတ်နိုင်ပါတယ်…

၁၃) ဆားနဲ့ တာပင်တိုင် ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေ ကို ဖြူအောင်ဆေးနိုင်ပါတယ်..

Credit : Myanmar.77

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top