iMyanmarHouse.com - Best Property Website for Myanmar
×

ပုံမှန်ထက် ပိုမိုကြီးထွားကျိုင်းတဲ့ ဆယ်ကျော်သက်တွေဟာ နောက်ပိုင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိပ္ပံပညာရှင်တွေက အခိုင်အမာပြောဆိုထားပါတယ်။အဝလွန်တဲ့ လူငယ်တွေမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါအန္တရာယ် ဖြစ်နိုင်ခြေပိုများကြောင်း သိရတဲ့အပြင် non-Hodgkin lymphoma (NHL) အန္တရာယ် ၂၅% ပိုများကြောင်း လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဝလွန်တဲ့ လူငယ်မျိုးဆက်များလာတာကြောင့် NHL ဖြစ်ပွားမှု စိုးရိမ်မှု ပိုခဲ့ပါတယ်။အစ်စရေးလ်နိုင်ငံ Sheba Medical Center က Merav Leiba က ယင်းသုတေသန ဦးစီးသူဖြစ်ပြီး နှစ် ၄၀ ထက်မက လူနာ ၂.၄ မီလျှံနီးပါး လေ့လာခဲ့ပါတယ်။ သတ်မှတ်အလေးချိန်ထက် ပိုခြင်းနဲ့ အဝလွန်ခြင်းတို့က ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောရောဂါသာမက သွေးဖြူဆဲလ် ကင်ဆာရောဂါ အန္တရာယ်ပါ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ကြောင်း သူမက ဆိုပါတယ်။

အရပ်မောင်းမြင့်သူတွေဟာ အရပ်ပုသူထက် ယင်းရောဂါ ဖြစ်ပွားနိုင်ခြေ ၂ ဆနီးပါး ပိုများကြောင်း Cancer ဂျာနယ်မှာ ပုံနှိပ်ဖော်ပြတဲ့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။

ကလေးဘဝမှာ အရပ်မြင့်ခြင်းနဲ့ အာဟာရ ပိုကဲခြင်းက ခန္ဓာကိုယ်ယောင်ရမ်းစေသော မော်လီကျူးများနဲ့ NHL ဖြစ်ပွားအားပေးသော ကြီးထွားဖွံ့ဖြိုးမှုအပိုင်းများ ထိခိုက်စေနိုင်ပါတယ်။

NHL ဆိုတာက Lymphocytes ခေါ် သွေးဖြူဆဲလ်ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ Lymphocytes က ရောဂါကူးစက်မှုကို ခုခံနှိမ်နင်းပေးတဲ့ အရာဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top