iMyanmarHouse.com - Best Property Website for Myanmar
×

လူတော်တော်များများဟာ ညဘက် အိပ်မပျော်တဲ့ ပြသနာ ခံစားရင်ဆိုင်နေကြရပါတယ်။ တချို့က တစ်ညလုံး အိပ်မရတဲ့ ပြသနာ ရင်ဆိုင်ကြရသလို အိပ်မပျော်ရောဂါ သို့မဟုတ် လုံးဝ အိပ်မရတဲ့ ပြသနာတွေလည်း ရှိကြပါတယ်။ ဒါ တကယ် စိတ်ပျက်စရာ ဖြစ်နိုင်ပါတယ်။ စမ်းသပ်ခဲ့ပြီးတဲ့ တစ်မှေးအိပ်စေနည်းတွေအနက် အကောင်းဆုံးနည်း (၁) ခု ရှိပါတယ်။

Sleep mask ခေါ် မျက်နှာဖုံးဖြင့် အိပ်ခြင်းက အလှအပအတွက်သာ မဟုတ်ပါဘူး။ အိပ်မပျော်တဲ့ ညဘက်တွေမှာ စိတ်နိုးကြားမှု ပြသနာရှိသူ ဘယ်သူမဆို အမှန်တကယ် အကျိုးဖြစ်ထွန်းစေပါလိမ့်တယ်။ အိပ်ပျော်အောင် မျက်နှာဖုံး တပ်ခြင်းက ဦးနှောက်ကနေ ထုတ်ပေးတဲ့ အိပ်စက်ခြင်းနဲ့ နိုးခြင်း သံသရာလည်ပတ်မှုကို ထိန်းချုပ်ကွပ်ကဲပေးနေတဲ့ သဘာဝဟော်မုန်း (melatonin) ပမာဏ များပြားစေပါတယ်။ အလင်းက ခန္ဓာကိုယ်ကနေ melatonin ဘယ်လောက် ထုတ်ပေးမလဲဆိုတာ အကျိုးသက်ရောက်စေပါတယ်။ ဒါ့ကြောင့် မျက်နှာဖုံးတပ်ခြင်းအားဖြင့် melatonin ဟော်မုန်းထုတ်လုပ်ရန် အမှောင်ရိပ်ပြပေးပါတယ်။

မျက်နှာဖုံးတွေက REM ဖြင့် အိပ်စက်မှု အချိန်အတိုင်းအတာကို ပိုမိုကြန့်ကြာစေပါတယ်။ အချိန်တိုအတွင်း အိပ်မောကျစေပါတယ်။ ပြီးတဲ့အပြင် ယင်းမျက်နှာဖုံးတွေဟာ တခြားအိပ်ပျော်မှု အထောက်အပံ့ပစ္စည်းတွေထက်လည်း အကုန်အကျ ပိုမိုသက်သာပါတယ်။

ဒီမျက်နှာဖုံး ဝယ်ယူ အသုံးပြုပြီး ကောင်းစွာ အိပ်ပျော်နိုင်ကြပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top