iMyanmarHouse.com - Best Property Website for Myanmar
×

သင်တို့ချစ်သူနှစ်ဦးဟာ အဆုံးထိ နှစ်ယောက်အတူ ဘ၀လမ်းခရီးကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သင်တို့နှစ်ဦးမှာရှိနေတဲ့ အကျင့်လေးတွေ၊ အပြုအမူလေးတွေ၊ စိတ်ထားလေးတွေ ကို ပြင်ဆင်သင့် ပြင်ဆင်ရပါလိမ့်မယ်။ နှစ်ဦးသား ပျော်ရွှင်စရာကောင်းပြီး သာယာတဲ့ အချစ်ရေးကို ရရှိစေဖို့အတွက် မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အရာ (၆)မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ဒီအရာတွေက ကြာရှည်ခံမှာ မဟုတ်ပါဘူးဆိုတဲ့ အတွေးကို ထပ်မတွေးပါနဲ့တော့။

နှစ်ဦးသား ကတောက်ကဆလေးတွေ ဖြစ်လိုက်တိုင်း တွေ့လား ငါထင်တဲ့အတိုင်းပဲ မြဲမှာ မဟုတ်ပါဘူး။ ကြာရင်တော့ ပြတ်မှာပါပဲ ဆိုတာမျိုးတွေ မတွေးပါနဲ့။ မပြောပါနဲ့။ သင်ဟာ အနည်းဆုံးတော့ သင့်ရဲ့အချစ်ရေးကို သင်ကိုယ်တိုင်ယုံကြည်ထားဖို့ လိုကိုလိုပါတယ်။ ဒီလိုဆိုရင် တစ်ဖက်လူဘက်ကလည်း ပိုစိတ်အားတက်လာပါလိမ့်မယ်။ ဘာမဟုတ်တာလေးတစ်ခုခုဖြစ်တိုင်း ခုနလို ပြောဆိုလိုက်တာမျိုး၊ တွေးပြီး စိတ်ညစ်နေတာမျိုး မဖြစ်သင့်ပါဘူး။

၂။ဂိမ်းကစားသလို အချစ်ရေးကို မကစားပါနဲ့။

သင့်ချစ်သူကို စိတ်ဆိုးတာနဲ့ တစ်ဖက်လူ ဘာလုပ်ရမှန်းမသိအောင် စိတ်တိုသလိုလို၊ စိတ်မပါသလိုလိုတွေ လုပ်တာမျိုး၊ တစ်ဖက်လူက ဘာဖြစ်နေတာလဲလို့ မေးရင်လည်း ဘာမှမဖြစ်ပါဘူး ဆိုပြီး ပိတ်ပြောလိုက်တာမျိုးတွေက တစ်ဦးစိတ်မကြည်တာကို နောက်တစ်ဦးက အဖြေရှာနေရသလို ဖြစ်နေပါတယ်။ အဲ့ဒီလိုတွေ လုပ်နေမယ့်အစား မျက်နှာချင်းဆိုင်ပြီး ဘာကတော့ ဘယ်လိုဆိုတာမျိုး ပွင့်ပွင့်လင်းလင်း ဖွင့်ဟသင့်ပါတယ်။

၃။ချစ်နေရရုံပြီးရောဆိုပြီး မတွေးပါနဲ့။

ရေရှည်သွားမယ့် ချစ်ခရီးလမ်းမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဟေ့ ရေရှည်သွားမယ်လို့ စိတ်ကူးပြီဟေ့ဆိုတာနဲ့ ကတိပေးတာမျိုး၊ အချင်းချင်းလေးစားသမှုရှိဖို့ လိုအပ်တဲ့အပြင် တစ်ယောက်ရဲ့လိုချင်စိတ်က ဘာလဲ။ တစ်ယောက်ရဲ့ပန်းတိုင်းက ဘာလဲဆိုတာတွေကိုပါ ထည့်တွေးကြရပါလိမ့်မယ်။

၎။အလွန်အမင်း သ၀န်မတိုပါနဲ့။

သင်ဟာ သင့်ချစ်သူကို တကယ်ယုံကြည်တယ်ဆိုရင် သ၀န်တိုပြနေမှာ မဟုတ်ပါဘူး။ အဲ့ဒီလိုမဟုတ်ပဲ အရမ်းချစ်လို့ အရမ်းသ၀န်တိုတာမျိုးလို့ ဆိုရင်တော့ သင့်ချစ်သူအနေနဲ့ တော်တော်လေး စိတ်ကသိကအောက် ဖြစ်နေရပါလိမ့်မယ်။ သင့်ချစ်သူက အရင်တုန်းက သင်မယုံကြည်ရတာတွေ ခဏခဏလုပ်နေတတ်လို့ဆိုရင်တော့ တစ်မျိုးပေါ့လေ။ မဟုတ်ရင်တော့ သင် အလွန်အမင်း သ၀န်တိုပြလေ သင့်အပေါ် စိတ်ကုန်လာလေ ဖြစ်လာပါလိမ့်မယ်။

၅။ကိုယ်လိုချင်တဲ့ အရာထက် လျှော့ချပြီး လိုက်လျောတာမျိုး မလုပ်ပါနဲ့။

အချစ်ရေးတစ်ခုမှာ နှစ်ဦးစလုံး ရဲ့ ပါဝါ စွမ်းရည်တွေ ညီမျှလေ ကောင်းလေပါပဲ။ တစ်ယောက်မှာမရှိတဲ့ စွမ်းအား အားသာချက်ကို တစ်ယောက်က ဖြည့်ပေးနိုင်လေကောင်းလေပါ။ ဒါပေမယ့် တစ်ဦးရဲ့အရည်အချင်းကိုလည်း တစ်ဦးက လေးစားပြီး လက်ခံရပါလိမ့်မယ်။ သူက ဒီလောက်ပဲရလို့ ငါလည်း ဒီလောက်ပဲ နေလိုက်ပါမယ်ဆိုတာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ့်အရည်အချင်းကို ပိုလို့သာ တိုးတက်လာအောင် သွေးယူပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top