iMyanmarHouse.com - Best Property Website for Myanmar
×

လုပ်နေကျ ဆံပင်ပုံသွင်းပြုလုပ်ခြင်းက ဆံပင်ကို များစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဆံပင်အကောက်ဆွဲတံ၊ အဖြောင့်ဆွဲတံနဲ့ တခြား အပူပေးကိရိယာများ အလွန်အကျွံ အသုံးပြုခြင်းတို့က ဆံပင်နှစ်ခွကွဲစေတဲ့ အဓိကပြသနာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ကို အချိန်ကြာကြာ ပုံသေ အခွေ၊ အလိပ်၊ အကောက် ပြုပြင်ပေးခြင်းနဲ့ ဆံပင်အရောင်တင်ဆေးတို့ကို အလွန်အကျွံ အသုံးပြုတဲ့အခါ ဆံပင်သားရဲ့ အပြင်ဘက် အကာအကွယ်ပေးအလွှာတွေကိုလည်း ပျက်စီးစေပါတယ်။ ဒီလိုပြုလုပ်ခြင်းက ဆံပင်ကို အားနည်းစေပြီး ဆံပင်နှစ်ခွဲ ကွဲအက်လွယ်စေပါတယ်။

သင့်ဆံပင် အားနည်းပြီး ကျိုးပြတ်လွယ်ပါက ဒီရိုးရှင်းသော နည်းလမ်းလေးကို အသုံးပြုပြီး အလွယ်တကူ ပြန်ထိန်းသိမ်းပေးနိုင်ပါတယ်။

အဆင့် - ၁
ခေါင်းကို ဂရုတစိုက် ဖြီးပါ။ ဆံပင်ကို နှစ်စု ခွဲပြီး ကျစ်ဆံမြှီးနှစ်ချောင်း ကျစ်ပေးရပါမယ်။ Kernel oil နဲ့ vitamin E oil အညီအမျှ ရောစပ်ပါ။ ယင်းပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ဒေသတွင်း ဆေးဆိုင်တွေမှာ တွေ့နိုင်ပါတယ်။ ဂွမ်းဖတ်သုံးပြီး ယင်းအရောအနှောကို ကျစ်ဆံမြှီး တစ်လျောက် လိမ်းကျံပေးပါ။ ၂နာရီကနေ ၄ နာရီအထိ ထားပေး ရပါမယ်။ နောက် ကျစ်ဆံမြှီး ပြန်ဖြေပြီး ပုံမှန်လုပ်နေကျအတိုင်း ခေါင်းလျှော်ပေးပါ။

အဆင့် - ၂
Organic hair conditioner နဲ့ ပျားရည်ကို အချိုးညီ ရောစပ်ပြီး ခေါင်းကို လိမ်းကျံပေးရပါမယ်။ ပလတ်စတစ်ခေါင်းစွပ်လေး စောင်းထားပြီး ခေါင်းကို ပုဝါနဲ့ အုပ်ထားရပါမယ်။ ၁-၂ နာရီကြာအောင် ထားပေးပါ။ နောက် ခေါင်းလျှော်ပြီး ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top