iMyanmarHouse.com - Best Property Website for Myanmar
×

လိုသလို ပြုလုပ်စားသုံးနိုင်တဲ့ အရသာရှိပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ ဘယ်ရီးသီးလေးတွေကတော့ နိုင်ငံအနှံ့မှာ ရင့်မှည့်လို့နေကြပါပြီ။ ဘယ်ရီသီးတွေကို စားသုံးသင့်တဲ့ အချက် ၅ ချက်ကတော့ ဒီလိုပါဗျာ။

၁. ရောဂါဘယများကို တိုက်ထုတ်ပေးခြင်း

ဘယ်ရီးသီးလေးတွေမှာ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် အသက်အရွယ်ကြောင့် မျက်စိမှုန် ဝါးခြင်းစတဲ့ ခန္ဓာကိုယ်ယိုယွင်းပျက်စီးခြင်းမှ ကာကွယ်ပေးတဲ့ဓါတ် (antioxidant ) ပါဝင်ပါတယ်။ ဘယ်ရီသီးတွေထဲမှ ဘလူးဘယ်ရီသီး မှာ အများဆုံး ပါဝင်ပါတယ်။ အယ်ဒါဘယ်ရီ (elderberries)၊ ဘလက်ကာရန့် (black currant) နှင့် ချုပ်ဘယ်ရီ (chokeberries) များက လည်း ခန္ဓာကိုယ်ယိုယွင်းပျက်စီးခြင်းမှကာကွယ်ပေးတဲ့ဓါတ် (antioxidant) ကို ရရှိပါတယ်။

၂. ဗီတာမင်ဓါတ် မြှင့်မားစေခြင်း

စတော်ဘယ်ရီသီးဖျော်ရည်တစ်ခွက်မှာ တစ်နေ့တာနှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်စီ ပါဝင်ပါတယ်။ တစ်နေ့ စတော်ဘယ်ရီသီးနည်းနည်းစားသုံးခြင်းဖြင့် သွေးလွှတ်ကြောမကြီးတွေကို သန့်ရှင်းစင်ကြယ်စေတဲ့ ဗီတာမင် B သတ္တုဓါတ် ၈ မျိုးလုံးပါဝင်တဲ့အတွက် သွေးလည်ပတ်မှုမြှင့်မားစေတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

၃. ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှောချပေးခြင်း

ဘယ်ရီသီးများမှာ ဘက်တီရီးယားပိုးမွားများ၊ ဗိုင်းရစ်ပိုးများနှင့် နေရောင်ခြည်ဒါဏ်ကို ကာကွယ်းပေးတဲ့ pterostilbene ဓါတ် အမြောက်အများပါဝင်ပြီး အဲဒီဓါတ်တွေက အူမကင်ဆာ၊ အမျိုးသမီးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကင်ဆာကို ကာကွယ်တိုက်ခိုက်ပေးတယ်လို့ A.U.S. သုတေသနတစ်ခုမှ သိရှိခဲ့ရပါတယ်။ ဘလက်ဘယ်ရီ (blackberries) နှင့် ရပ်စ် ဘယ်ရီ (raspberries) နှစ်မျိုးလုံးမှာ သွေးလည်ပတ်မှုအားကောင်းစေပြီး ကင်ဆာဆဲလ်တွေကို တားဆီးပေးတဲ့ အပင်ဒြပ်ပေါင်း (Ellagic acid) တွေအမြောက်အများပါဝင်ပါတယ်။

၎. ဝမ်းမှန်လေမှန်စေတဲ့ အမျှင် (Fibre) ဓါတ်ကို ရရှိစေခြင်း

ဘလူးဘယ်ရီတစ်ခွက်ဟာ ဂျုံစစ်စစ်နဲ့ပြုလုပ်ထားတဲ့ပေါင်မုန့် တစ်ချပ်ကဲ့သို့ အမျှင်ဓါတ် ၂ ဂရမ် ပါဝင်ပါတယ်။ ကိုလက်စထရောဓါတ်လျှော့နည်းစေတဲ့ အမျှင်ဓါတ်များဟာ ဘလက်ဘယ်ရီသီး၊ ရပ်စ်ဘယ်ရီသီးနှင့် စတော်ဘယ်ရီသီးများမှာ အမြောက်အများပါဝင်ပါတယ်။

၅. ပိုတက်ဆီယမ်ဓါတ် အားဖြည့်ပေးခြင်း

ဘလက်ကာရန့်၊ ရဒ်ကာရန့်၊ ဝှိုက်ဒ်ကာရန့်များမှာ သွေးပေါင်တိုးခြင်းကို လျှော့ နည်းစေတဲ့ ပိုတက်ဆီယမ်ဓါတ်ခေါ် သတ္တုဓါတ် အထူးပါဝင်ပါတယ်။ ဂူးစ်ဘယ်ရီသီးတွေဟာလည်း ပိုတက်ဆီယမ်ဓါတ် ရရှိနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top