iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန်နဲ့ ဥရောပမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၆,၀၀၀ ကို စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။တစ်ပတ်လျှင် ၃ ကြိမ်ထက်ပိုပြီး ငါးစားလေ့ရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ အဝလွန်တဲ့ ကလေးတွေ မွေးဖွားနိုင်ခြေရှိကြောင်း သုတေသီတွေက ပြောပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ငါးစားသုံးမှုများခြင်းက အဝလွန်တဲ့ ကလေးတွေ မွေးဖွားလာနိုင်ခြေ ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

ဂရိနိုင်ငံရှိ ခရီတီတက္ကသိုလ်မှ သိပံ္ပပညာရှင်တွေက အမေရိကန်နဲ့ ဥရောပမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၆,၀၀၀ ကို လေ့လာခဲ့ပြီး အဆိုပါ အမျိုးသမီးတွေ မွေးဖွားခဲ့တဲ့ ကလေးတွေကို အသက် ၆ နှစ်အရွယ်အထိ စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း တစ်ပတ်လျှင် ၃ ကြိမ်ထက်ပိုပြီး ငါးစားလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ ကလေးတွေဟာ အသက် ၄ နှစ်အရွယ်အရောက်မှာ အဝလွန်မှု ဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းနဲ့ အသက် ၆ နှစ်မှာ အဝလွန်မှု ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါတယ်။ ဒီလို အဝလွန်မှုဟာ မိန်းကလေးတွေမှာ ပိုမိုဖြစ်နိုင်ကြောင်း JAMA Paediatrics ဂျာနယ်မှာ ရေးသားဖော်ပြထားပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top