iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကြေညာ

တွဲနေတာ လူတွေသိပေမဲ့ တရားဝင်မကြေညာရသေးဘူးဆိုရင် ဒီနေ့မှာ တရားဝင်ကြေညာလိုက်ပါ။

၂ - ပန်း

နဲနဲတော့ရှေးရိုးဆန်ပေမဲ့ ဒီနေ့ဟာ ပန်းစည်းတစ်စည်း ဒါမှမဟုတ် ပန်းပွင့်တစ်ပွင့်လောက်ပေးသင့်တဲ့နေ့ပါ။

၃ - ကြီးကြီးမားမားမလို

အလုပ်တွေ၊ဖိအားတွေနဲ့ လူကထိုင်းမှိုင်းနေနိုင်ပါတယ်။ ကြီးကြီးမားမားကြီး သွားရလာရတဲ့ကိစ္စမျိုးမလုပ်ချင်ရင်မလုပ်ပါနဲ့။ သူဘာလုပ်ချင်လဲ အရင်မေးပါ။ သက်သောင့်သက်သာနဲ့တစ်ဆိုင်ဆိုင်မှာ ထိုင်တာမျိုးကလည်း ရိုးပေမဲ့ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ရှိပါတယ်။

၎ - အချိန်တွေနဲ့မဆိုင်

တွဲခဲ့တာဘယ်လောက်ကြာပြီဆိုတာမျိုးနဲ့ မဆိုင်ပါဘူး။ တောင်းပန်စရာမလို၊တစ်ယောက်ကိုတစ်ယောက်နားလည်ပြီးသားဆိုပေမဲ့ သူ့အပေါ်သင့်ဘက်က လွန်မိတယ်လို့ ထင်ထားတာရှိရင် ဒီနေ့မှာ တောင်းပန်ပါ။ စာလေးဘာလေးရေးပြီး ပို့စကဒ်လေးတစ်ခုနဲ့ ရိုမန့်တစ်ဆန်ဆန်ဆို ပိုကောင်းပါတယ်။

၅ - တစ်ကိုယ်တည်း

မကြာသေးခင်က ပြတ်ခဲ့တဲ့လူဆိုရင်တော့ သူ့ကိုလွမ်းနေနိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သင့်လိုတစ်ကိုယ်တည်းသမား သူငယ်ချင်းတွေဆီဖုန်းခေါ်ပေါ့။ သူတို့ဆီသွားလည်ပေါ့။ စကားတွေပြောကြပေါ့။ သက်သောင့်သက်သာနားရမယ့်နေ့တစ်နေ့ပါပဲ။

၆ - ကိစ္စမရှိ

တစ်ချို့တွေကလည်း V Day နေ့မို့ဆိုပြီး တစ်ခုခုလုပ်ရတာကို ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ပါတယ်။ သူ့ဘက်က ဒီနေ့အကြောင်းမပြောချင်ရင် မပြောပါနဲ့။ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ အသန်းအသန်ချစ်ပြရမယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး။ ကိုယ်ချစ်တဲ့လူနဲ့ သာမန်ရုံးပိတ်ရက်လို လျှောက်လည်ပေါ့။

Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top