iMyanmarHouse.com - Best Property Website for Myanmar
×

အလှအပနှင့် နေထိုင်မှုပုံစံ မဂ္ဂဇင်း Allure Korea ရဲ့ ဧပြီလထုတ်မဂ္ဂဇင်းမှာပါဝင်မယ့် 2PM အဖွဲ့ဝင် Taecyeon အကြောင်းကို မတ်လ ၂၅ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ Taecyeon က ရင့်ကျက်ပြီး ယောက်ျားပီသတဲ့ပုံစံကို ပြသထားပါတယ်။ ဓာတ်ပုံထဲမှာ နုညံ့သိမ်မွေ့တဲ့ပုံကို သရုပ်ဖော်ထားပေမည့်
Taecyeon ရဲ့ ပြင်းပြတဲ့ ဆွဲဆောင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး။

ဒီဧပြီလမှာဆိုရင် Taecyeon က 2PM အဖွဲ့နှင့်အတူ ပွဲဦးထွက်ခဲ့တာ (၁၀) နှစ်ပြည့်ပါပြီ။ သူက အဆိုတော်၊ သရုပ်ဆောင်၊ ဖျော်ဖြေတင်ဆက်သူ
တစ်ယောက်ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသွားပါတယ်။

Taecyeon က 2PM အဖွဲ့ဝင်များကို ချစ်ခင်ပြီး ယုံကြည်ကြောင်းကို “ကျွန်တော်သာ တစ်ကိုယ်တော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ရဲ့ ပင်ကိုစရိုက်က အခုနဲ့တော်တော် ကွာခြားလိမ့်မယ်။ ကျွန်တော့်အလုပ်ကို နှစ်သက်ရခြင်း အကြောင်းရင်းကတော့ ကျွန်တော်နဲ့အတူ စတင်ခဲ့တဲ့ အဖွဲ့ဝင်တွေကြောင့်ပါပဲ။” လို့ပြောပါတယ်။

ဇာတ်လမ်းတွဲတွေနှင့် Variety အစီအစဉ်တွေမှာ ပါဝင်ဖြစ်ပုံနှင့်ပတ်သက်ပြီးပြောဆိုရာမှာတော့ “‘Three Meals A Day’အစီအစဉ် ကျေးဇူးနဲ့ သူငယ်တန်းကျောင်းသားလေးတွေတောင် ကျွန်တော့်ကို မှတ်မိနေပါပြီ။ ကလေးတွေက 2PM ကို မသိပေမယ့် ‘Ok Bing Goo’ ကိုတော့သိကြပါတယ်။” လို့ ရယ်ရယ်မောမောနှင့် သူ့ထင်မြင်ချက်ကိုပြောပြပါတယ်။

Taecyeon က အမေရိကားမှာ ကြီးပြင်းခဲ့တာဖြစ်ပြီး လာမည့်နှစ်မှာ ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ စစ်တပ်ထဲမဝင်ခင်ဒီနှစ်ထဲမှာ  အနုပညာအလုပ်တွေကို ဆက်တိုက် ကြိုးစားလုပ်ကိုင်သွားဖို့ရှိပါတယ်။ သူက စစ်မှုထမ်းရခြင်းနှင့်ပတ်သက်ပြီး

“နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ရဲ့တာဝန်ပါ။ ဒီနှစ်ထဲမှာ ကြိုးစားပြီး စစ်တပ်ထဲမဝင်ခင်မှာ အမှတ်တရတွေအများကြီး ဖန်တီးသွားပါ့မယ်။” လို့ပြောပါတယ်။ 2PM အဖွဲ့က ဧပြီလမှာ ဂျပန်နိုင်ငံတွင် ဖျော်ဖြေပွဲကျင်းပမှာဖြစ်ပါတယ်။

Taecyeon ရဲ့ဓာတ်ပုံနှင့် အင်တာဗျူးအပြည့်အစုံကို ဧပြီလထုတ် Allure Korea မဂ္ဂဇင်းမှာ ဖတ်ရှုနိုင်ပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top