iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာကြီးမှာ အမျိုးသားတွေသာ လုပ်နိုင်ပြီး အမျိုးသမီးတွေ မလုပ်နိုင်တဲ့ အရာများစွာ ရှိသလို အမျိုးသမီးတွေကသာလျှင် စွမ်းဆောင်နိုင်တဲ့ အရာတွေလည်းရှိပါတယ်။ လူသားအားလုံးမှာ မတူညီတဲ့ စွမ်းဆောင်မှု ကိုယ်စီ ရှိတက်ကြပါတယ်။

အမျိုးသမီးတွေသာလျှင် စွမ်းဆောင်နိုင်တဲ့ အရာ (၅) မျိုးရှိပါတယ်။

၁။ တစ်ပြိုင်တည်း တစ်ခုထက်မက လုပ်တက်ခြင်း
တစ်ပြိုင်တည်း အလုပ်နှစ်ခု လုပ်တက်ကြပါတယ်။ တစ်ခုခုကို လုပ်နေရင်း မျက်စိဖွင့်၊ နားစွင့်ထားတက်တဲ့ နေရာမှာ အမျိုးသမီးတွေက ပြိုင်ဘက်မရှိပါပဲ။

၂။ ကားမောင်းခြင်း
ကားမောင်းတဲ့နေရာမှာ အမျိုးသမီးတွေက ပိုတော်နေပါတယ်။ လန်ဒန်မှာ လူပေါင်း နှစ်ရာကို သုတေသနပြု ပြီးဒီရလဒ်ထွက်လာတာပါ။ စတီယာတိုင်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တဲ့နေရာမှာ တော်တာတော့ မဟုတ်ပါဘူး။ လမ်းတွေ၊ ဆိုင်တွေကို မှတ်သားတက်တဲ့ နေရာမှာ အမျိုးသမီးတွေက လေ့လာမှုအား ပိုကောင်းတာပါ။

၃။ မျှဝေခံစားတက်ခြင်း
အမျိုးသားတွေထက် အမျိုးသမီးတွေက အခြားတစ်ယောက်ရဲ့ ဝေဒနာ၊ ပျော်ရွှင်မှု စတာတွေကို မျှဝေ ခံစားတက်ပါတယ်။ လေ့လာမှုအရ အခြားသူ သန်းနေရင် အမျိုးသမီးတွေက ပိုသန်းတက်ကြပါတယ်။

၎။ လုပ်ငန်းကို ဦးဆောင်နိုင်ခြင်း
ကမ္ဘာမှာရှိတဲ့ လုပ်ငန်းကြီး အများစုကို အမျိုးသားတွေကသာ ဦးဆောင်နေကြတာပါ။ ဒါပေမယ့် အမျိုးသမီးတွေ ဦးဆောင်တဲ့ လုပ်ငန်းတွေဟာ အကျိုးအမြတ်ရဖို့ သေချာတဲ့ ဆုံးဖြတ်ချက်တွေကို ပိုချနိုင်ကြပါတယ်။

၅။ နေမကောင်းမဖြစ်ခြင်း
အမျိုးသမီးတွေက ခံနိုင်ရည် အားနည်းတယ်ဆိုတာ ယုံတမ်းစကားဖြစ်ပါတယ်။ စစ်တမ်းအရ တုတ်ကွေး မိသူ ဦးရေမှာ အမျိုးသားတွေက ပိုများပါတယ်။ အမျိုးသမီးတွေက ကိုယ်ခံအား ပိုကောင်းနေတက်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top