iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ်ချင်းတွေ တစ်ခုခု အောင်မြင်တဲ့အခါ သင့်စိတ်ထဲမှာ စနိုးစနောင့် ဖြစ်ဖူးလား။ ဒါဆို မနာလိုတာပဲ လို့ ပြောရမှာပေါ့။ နှုတ်နဲ့ ၀န်မခံပေမယ့် စိတ်ကနေတော့ ငြင်းမှာ မဟုတ်ပါဘူး။ ဒါဟာလည်း ရှက်စရာ တော့ မဟုတ်ပါဘူး။ လူသားတိုင်း ဒီလိုခံစားမှုမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် လူကောင်းတွေကတော့ ဒီ ခံစားချက်ကို ချက်ချင်းပဲဖျောက်ဖျက်လေ့ ရှိပါတယ်။ ဒီလို မနာလိုဖြစ်လို့ သင့် အတွက် ဘာမှ ထူးနိုင်မည် မဟုတ်။ သို့အတွက် သင့်သူငယ်ချင်း တစ်ခုခု အောင်မြင်တဲ့အခါတိုင်း သင့်စိတ်ထဲမှာ တွေးသင့်တဲ့ အတွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 1. အခြားသူများရဲ့အောင်မြင်မှုဟာ သင့်ကျရှုံးမှုမဟုတ်ပါ။ မှန်ပါတယ်။

တစ်ချို့က သူ အောင်မြင်လို့ ရသွားတဲ့ လာဘ်လာဘ၊ ငွေကြေး၊ ပရိသတ်အတွက် ငါ့ကို မရ စကောင်းလားဆိုပြီး မနာလိုဖြစ်ကြတာပါ။ ဒါပေမယ့် အနေသာကြီးပဲလေ။ သူက ဒီလို အောင်မြင်ဖို့အတွက်လုံလောက်တဲ့ အားစိုက်ထုတ်မှုလေးတွေ လုပ်ခဲ့လို့ အောင်မြင်သွားတာလေ။ ဒါကို သင်က လိုက်ခံစားနေဖို့မလိုပါဘူး။ ဒီတော့ အခြားသူများရဲ့အောင်မြင်မှုဟာ သင့်ကျရှုံးမှုမဟုတ်ဖူးဆိုတာကို စိတ်ထဲ ရအောင် တွေးလိုက်ပါ။

2. အောင်မြင်တဲ့သူတွေနဲ့ နီးစပ်တာ ကောင်းတယ်။

 အောင်မြင်တဲ့ သူငယ်ချင်းတွေကို မနာလိုဖြစ်မယ့်အစား သူတို့နဲ့ ရင်းနီးရလို့ သင် ဂုဏ်ယူလိုက်ပါ။ သင့်ကိုသူတို့က ဆရာမလုပ်ဘဲ သင်ပြပေးနေတဲ့ ဘ၀နေနည်း၊ လူမှုဆက်ဆံရေး ပညာ၊ ပွဲလန်းသဘင် တက်တဲ့ပုံစံ၊ ကျောင်းမှာ စာကြိုးစားတဲ့ပုံစံ-စတာတွေကို ကောင်းကောင်း သင်ယူခွင့် သင့်မှာ ရနေတာပဲ။

 3. သူ့ အောင်မြင်မှုဟာ သင့်ဘ၀အတွက် တွန်းအားအဖြင့် မှတ်ယူပါ။

သူ့ရဲ့အောင်မြင်မှုအတွက် သင် ဂုဏ်ယူချင်မှ ဂုဏ်ယူပါ။ မနာလို မဖြစ်ပါနဲ။ အဲဒီလို မနာလို အဖြစ်မယ့် အစား သင့်ဘ၀ကို ဘယ်လို ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတာမျိုး စိတ်ပိုင်းဖြတ်နိုင်ပါစေ။

 4. မနာလိုခြင်းဟာ သင့်ရဲ့ အောင်မြင်မှုအခွင့်အလမ်းကို ကန့်သတ်ပေးတဲ့အရာ

သူများကို မနာလိုက်လိုနေရတာနဲ့တင် သင် အောင်မြင်မှု လမ်းကြောင်းကို ဘယ်လို ရှာဖွေရမလဲဆိုတာ ကို သင် တွေးမိမှာမဟုတ်ပါဘူး။ တွေးမိလည်း အချိန် နည်းနည်းပဲ တွေးမိဖို့ များပါတယ်။ ဒီတော့ ဘာကို မှ စိတ်ထဲမထားတဲ့သူတွေဟာ စိတ်ကို ရှင်းရှင်းသန့်သန့် ထားနိုင်ကြလို့ သူတို့ လျှောက်တဲ့ လမ်းကြောင်းတွေဟာ အချိန်တိုအတွင်း ထိရောက်ပြီး ပန်းတိုင်အများကြီးကို ကျော်ဖြတ်နိုင်တယ်ဆိုတာကို ကောင်း ကောင်း သဘောပေါက်ပါစေ။

 5. အလုပ်ကြိုးစားခြင်းဟာ အောင်မြင်မှုရဲ့အဓိက သော့ချက်ဆိုတာ သိပါစေ သူတို့တစ်တွေ ဘာကြောင့် အောင်မြင်တာလဲ။

ရိုးရိုးလေးပဲ တွေးကြည့်ပါ။ တစ်နေကုန် ထမင်း နှစ်နှပ် အလကားထိုင်စားနေရုံနဲ့ အောင်မြင်နိုင်မလား၊ အရေးမပါတဲ့ အချိန်တွေ ဖြုန်းနေရင်းနဲ့ ရလာတဲ့ အောင် မြင်မှုတွေလား …. ? ရှင်းပါတယ်။ သူတို့ဟာ ဒီ အောင်မြင်မှုရဖို့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုတော့ လုပ်ခဲ့ရတာချည်းပါဘဲ။ အဲဒါကို သင်က အချောင်သက်သက် သွားပြီး မနာလိုဖြစ်တာဟာ သူ့လုပ်အား ကို သင် အပြည့်အ၀ နားမလည်သေးလို့ ဖြစ်ပါလိမ့်မယ်။

6. အရာရာတိုင်းကို ပြောင်းလဲနိုင်စွမ်းရှိရမယ်။

ဒါကတော့ ကိုယ့်လမ်းကြောင်းကို တစ်သက်မှတ်တည်း သတ်မှတ်ထားတာထက် ဘယ်လိုနည်းနဲ့ လျှောက်ရင် ဘယ်လို ပိုပြီးခရီးရောက်မယ်ဆိုတာမျိုး အမြဲတမ်း တွေးနေရပါ့မယ်။ သူတို့တုန်းကတော့ ဒီအဆင့်မှာ ဒီလိုလုပ်လိုက်တာ ငါကတော့ ဘယ်လို ပိုကောင်းအောင်လုပ်လိုက်မယ်ဆိုတဲ့ စိတ်ကူးလေး ထားပေးရမယ်။

 7. သူတို့ကို ကျေးဇူးတင်ပါ

သူတို့နဲ့ ပေါင်းရတာကို ပျော်ပျော်ရွှင်ရွှင် နေဖြစ်အောင် နေပါ။ သူတို့က သင့်ကို လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စတဲ့ နယ်ပယ်အသီးသီးမှာ အလွန်ကြီးမားတဲ့ အတိုင်းအတာအထိ သင့်ကို မြေ တောင် မြှောက်ပေးနိုင်သူတွေ ဖြစ်လို့ပါဘဲ။

 Credit : Shwemom

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top