iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးချိုရောဂါ ခံစားရပါက အစားအသောက် ဂရုစိုက် ဆင်ခြင်ရလေ့ရှိပါတယ်။ ဘယ်လို အစားအသောက်တွေက သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်စေပြီး ဆီးချိုကို ပိုဆိုးစေသလဲဆိုတာ တစ်ခါတရံ ဝေခွဲရခက်တတ်ပါတယ်။ အခုဖော်ပြထားတဲ့ အစားအသောက်တွေက ဆီးချိုရောဂါ ခံစားနေရသူတွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ပါဝင်တဲ့ ပဲအမျိုးမျိုးက ဆီးချိုရှိသူတွေ စားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။

ကိုက်လန်၊ ဆလတ်၊ ဒေါက်ခွ စတဲ့ အစိမ်းရောင် ဟင်းရွက်တွေကို စားသင့်ပါတယ်။

အချဉ်ဓာတ်ပါတဲ့ သံပရိုသီး၊ သံပရာသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပြီး ဆီးချိုသမားတွေ ပုံမှန် စားသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

အမျှင်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်တဲ့ ကန်စွန်းဥဟာ ဆီးချိုရောဂါ ခံစားနေရသူတွေအတွက် သင့်တော်ပါတယ်။ ဆီးချိုရှိသူတွေဟာ ကန်စွန်းဥနဲ့ ကိုက်လန် တွဲဖက်စားသုံးသင့်ပါတယ်။

ဆီးချိုရောဂါရှိသူတွေဟာ ဘယ်ရီသီး၊ စတော်ဘယ်ရီသီးတွေ စားသုံးသင့်ပါတယ်။ အဆာပြေစာ ဘီစကစ်၊ ကွတ်ကီး စတဲ့ မုန့်တွေ စားရာမှာလည်း ဘယ်ရီနဲ့ စတော်ဘယ်ရီ ပါဝင်တဲ့ မုန့်တွေကို စားနိုင်ပါတယ်။

သံဓာတ်၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်တဲ့ ခရမ်းချဉ်သီးဟာ ဆီးချိုရောဂါ ခံစားနေရသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

Omegaa-3 fatty အက်စစ် ပြည့်ဝစွာ ပါဝင်တဲ့ ဆော်လ်မွန်ငါးစားခြင်းကို ဆီးချိုရောဂါ ခံစားနေရသူတွေ စားသင့်ပါတယ်။

ဂျုံဖြင့်ပြုလုပ်ထားတဲ့ အစားအစာတွေကိုလည်း ဆီးချိုသမားတွေ စားနိုင်ပါတယ်။

အခွံမာသီးနဲ့ အစေ့အဆန်တွေဟာလည်း ဆီးချိုရောဂါရှိသူတွေအတွက် သင့်တော်တဲ့ အစားအစာ ဖြစ်ပါတယ်။

ဆီးချိုရောဂါ ခံစားရသူတွေဟာ ဗီတာမင် D ပါဝင်တဲ့ နို့နဲ့ ဒိန်ချဉ်လည်း သောက်သင့်ပါတယ်။

Credit: Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top