iMyanmarHouse.com - Best Property Website for Myanmar
×

လူ့ခန္ဓာကိုယ်က စိတ်ဝင်စားစရာကောင်းတဲ့ စက်တစ်လုံးနဲ့တူပါတယ်။ ၄င်းမှာ မျက်လုံးနဲ့ မြင်နိုင်တာထက် ပိုပြီးနက်ရှိုင်းတဲ့ သီအိုရီတွေ အများကြီးရှိပါတယ်။ ဒီအထဲမှာမှ ဦးနှောက်က အရှုပ်ထွေးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး ၄င်းရဲ့ အလုပ်လုပ်ပုံအားလုံးကို နားလည်ဖို့ ကြိုးစားနေရဆဲပဲ ဖြစ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ ဦးနှောက်ရဲ့ ထူးခြားတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

- ဦးနှောက်ကို အောက်ဆီဂျင် ၅ မိနစ် မှ ၁၀ မိနစ် မရောက်ရှိတာနဲ့ တစ်သက်တာလုံး ဦးနှောက်သေသည် အထိ ဖြစ်စေနိုင်ပါတယ်။

- လူတစ်ယောက်ရဲ့ ဦးနှောက်က ထုတ်ပေးနိုင်တဲ့ ပျမ်းမျှ လျှပ်စစ် ပမာဏက မီးလုံးတစ်လုံး ထွန်းနိုင်တဲ့ ပမာဏရှိပါတယ်။

- အရသာခံဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ရှိပေမဲ့ အံ့သြစရာကောင်းတဲ့နေရာတွေကတော့ ဦးနှောက်နဲ့ စအိုမှာရှိနေတာပဲ ဖြစ်ပါတယ်။

- ဦးနှောက်ရဲ့ ၆၀%နီးပါးက အဆီတွေ ဖြစ်ပါတယ်။

- တချို့ သိပ္ပံသီအိုရီတွေရဲ့ အဆိုအရ သင်ဟာ အစားအရမ်းလျှော့စားမယ်ဆိုရင် ဦးနှောက်က သူ့ဘာသာ အစာစားနိုင်တယ်လို့ ဆိုပါတယ်။

- လေ့လာတွေ့ရှိချက်အရ စမတ်ဖုန်း ကြာရှည်စွာ အသုံးပြုခြင်းက ဦးနှောက် အကြိတ်ကင်ဆာ ဖြစ်နိုင်ချေများပါတယ်လို့ ဆိုပါတယ်။

- အိပ်ရေးပျက်ခြင်းက ဦးနှောက်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။တုန့်ပြန်မှုပေးတာကို နှေးကွေးစေသလို ဆုံးဖြတ်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။

- အချက်အလက် အသစ်တစ်ခုခုကို သင်ယူတဲ့အခါတိုင်း ဦးနှောက်ရဲ့ တည်ဆောက်ပုံပြောင်းလဲပြီး ဆက်စပ်မှု အသစ်တွေ ဖြစ်စေပါတယ်။

- သီချင်းနားထောင်တဲ့အတွက် ဦးနှောက်က အစာစားချိန်နဲ့ ချစ်တင်းနှောချိန်တွေမှာ ထွက်ရှိတဲ့ ဒိုပါမင်း ဟော်မုန်းကို ထွက်ရှိစေပြီး နှစ်သက်ခြင်းကို ဖြစ်စေတာ ဖြစ်ပါတယ်။

- ကလေးငယ်တွေရဲ့ အိပ်ချိန်အရမ်းများရခြင်းက ကလေးတွေရဲ့ ခန္ဓာကိုယ်က ပြုလုပ်တဲ့ ဂလူးကို့စ်ဓာတ်ရဲ့ ၅၀%ကို ဦးနှောက်က အသုံးပြုလိုက်တဲ့အတွက် ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်က အသက် ၄၀ အရွယ်အထိ ဆက်လက် ဖွံ့ဖြိုးဆဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top